ကောင်းမြတ်သူ-စုစည်းသည်။
ချယ်လ်ဆီးနည်းပြ ကွန်တီဟာ တစ်နှစ်ကို ပေါင် ၉ ဒသမ ၅ သန်းနဲ့ ၂ဝ၂၁ နှစ်အထိ
ထပ်မံစာချုပ်လိုက်ပြီဖြစ်ပါတယ်။ ကွန်တီက အင်တာမီလန်အသင်းရဲ့ စိတ်ဝင်စားမှု
ကို ပယ်ချပြီး ချယ်လ်ဆီးမှာပဲ ဆက်နေမယ်လို့ ဆိုပါတယ်။ အီတလီနိုင်ငံသား
ကွန်တီ ဟာ သူ့ရဲ့ ပထမဆုံးရာသီမှာပဲ ပရီမီယာလိဂ်ဖလားကို
ရယူပေးနိုင်ခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ ချယ်လ်ဆီးနဲ့ အနည်းဆုံး
နှစ်နှစ်နေသွားချင်ပါတယ်။ ချယ်လ်ဆီးက ခွင့်ပြု မယ်ဆိုရင်တော့ ဒီထက်မက
နေချင်ပါတယ်လို့ ကွန်တီက ဆိုပါတယ်။ သူ့ရဲ့ ချယ်လ်ဆီး အသင်းကို
ချန်ပီယံလိဂ်ဖလား ရယူပေးနိုင်ဖို့ အကောင်းဆုံး ပြင်ဆင်သွားမယ်လို့ လည်း
ကွန်တီက ဆိုပါတယ်။ ဒီနှစ်မှာတော့ ကောင်းမွန်တဲ့ ကစားသမား ၁၃ ယောက် ၁၄
ယောက်ကို အခြေပြုပြီး ကစားခဲ့တယ်လို့လည်း သူကဆိုပါတယ်။ လာမယ့်နှစ်မှာ တော့
ချယ်လ်ဆီးအသင်းကို ကစားသမားကောင်းတွေ ပြန်ဖြည့်ပြီး အကောင်းဆုံး
အသင်းဖြစ်အောင်လုပ်သွားမယ်လို့လည်း ဆိုပါတယ်။ ဒီနှစ်ထဲမှာပဲ ချယ်လ်ဆီး
အသင်းကို အက်ဖ်အေဖလား ဗိုလ်လုပွဲရောက်အောင်လည်း ပို့ပေးနိုင်ခဲ့ပါသေးတယ်။
No comments:
Post a Comment