Monday, May 1, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ ဂျာမနီနိုင်ငံGROB Aircraft ကုမ္ပဏီကို ကြည့်ရှုလေ့လာ

Image may contain: 6 people
နေပြည်တော် ဧပြီ ၃ဝ
ဂျာမနီနိုင်ငံ၌ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့သည် ဧပြီ ၂၉ ရက် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီခွဲတွင် ဂျာမနီနိုင်ငံ နြာာငညါနည မြို့ရှိMemmingen ကုမ္ပဏီသို့ သွားရောက်လေ့လာကြသည်။
ကုမ္ပဏီ၏ CEO, Mr. Andre Hiebeler က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့အား ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ အဆင့်မြင့် နည်းပညာသုံး ဝေဟင်၊ မြေပြင်၊ ရေပြင်ထောက်လှမ်းရေး ကွန်ရက်စနစ်များ၊ လက်ရှိလေယာဉ်ထုတ်လုပ်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့သည် လေယာဉ်အင်ဂျင်၊ ကိုယ်ထည်၊ တောင်ပံများ ပုံသွင်းတပ်ဆင် တည်ဆောက်နေမှုများအပါအဝင် လေယာဉ် ထုတ်လုပ်ပုံအဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက် GROB Aircraft ကုမ္ပဏီမှ ထုတ်လုပ် သည့်G-120 TP နှင့်G-520 T လေယာဉ်များ၏ သရုပ်ပြပျံသန်းမှုများကို လှည့်လည်ကြည့်ရှုလေ့လာကြပြီးGROB Reconnaissance System နှင့်Flight Simulator Demonstration တို့ကို လှည့်လည်ကြည့်ရှုခဲ့ ကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် ဧပြီ ၂၉ ရက် ညပိုင်းတွင် ဂျာမနီနိုင်ငံ ဖရန့်ဖတ်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာကြပြီး ယနေ့ ညနေ ၆ နာရီ ၄၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးဇော်သိန်းနှင့် တပ်မတော်အရာရှိ ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံသံအမတ်ကြီးH.E.Mr. Christian-Ludwig Weber-Lortschနှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြ သည်။
(သတင်းစဉ်)

No comments:

Post a Comment