Tuesday, May 2, 2017

ဘာသာပြန်စာပေစာတမ်းဖတ်ပွဲနှင့် နွေရာသီစာအုပ်ဈေးရောင်းပွဲတော် အောင်မြင်စွာကျင်းပပြီးစီး

Image may contain: one or more people, people sitting and crowd
ရန်ကုန် မေ ၁
ဘာသာပြန်စာပေစာတမ်းဖတ်ပွဲနှင့် နွေရာသီစာအုပ် ဈေးရောင်းပွဲတော် တတိယနေ့နှင့် နောက်ဆုံးနေ့အဖြစ် ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ၌ ဆက်လက်ကျင်းပရာ ညနေပိုင်းတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည်။
တတိယနေ့စာတမ်းဖတ်ပွဲ နံနက်ပိုင်းအစီအစဉ်တွင် သဘာပတိများအဖြစ် ဒေါက်တာမောင်မောင်စံ(ကြည်မင်း)နှင့် ဒေါ်ခင်ဖုဏ်းရည်(နတ်မောက်အနီချို)တို့က ဆောင်ရွက်ကြပြီး စာတမ်းရှင် ဦးရဲထွဋ်(သန်လျင်မောင်ဝင်းဝါ)က ''ဇာတ်သဘင်စာပေ အင်္ဂလိပ်-မြန်မာဘာသာပြန်'' စာတမ်းနှင့် စာတမ်းရှင် ဦးမောင်မောင်ဦး(ဟိန်းလတ်) က ''ဘာသာပြန် (သုတ)''စာတမ်းတို့ကို ဖတ်ကြားကြကာ တက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို စာတမ်းရှင်များက ပြန်လည်ဆွေးနွေးဖြေကြားကြသည်။
မွန်းလွဲပိုင်းစာတမ်းဖတ်ပွဲတွင် သဘာပတိများအဖြစ် ဦးမောင်မောင်ဦး(ဟိန်းလတ်)နှင့် ဒေါ်စမ်းစမ်းနွဲ့(စမ်းစမ်းနွဲ့- သာယာဝတီ)တို့က ဆောင်ရွက်ကြပြီး စာတမ်းရှင် ဦးရဲမြင့် ကျော်(ရဲမြင့်ကျော်)က ''မြန်မာဘာသာပြန်စာပေတွင် လိုအပ်နေသော နိုင်ငံရေးဒဿနစာပေ'' စာတမ်း၊ စာတမ်းရှင် ဦးလှမြင့်(ဒေါက်တာလှမြင့်)က ''ပါဠိ (သို့မဟုတ်) မြန်မာပရိယတ္တိစာပေမှ အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ဆိုခြင်း'' စာတမ်းနှင့် စာတမ်းရှင် ဒေါက်တာ စိန်မြင့်က ''မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း၏ လူထုအတွင်း စာပေလွှမ်းခြုံမွှမ်းထုံခြင်း''စာတမ်းတို့ကို ဖတ်ကြားကာ တက်ရောက်လာကြသူများ၏ မေးမြန်းချက် များကို စာတမ်းရှင်များက ပြန်လည်ဆွေးနွေးဖြေကြား ကြသည်။
ထို့နောက် ဘာသာပြန်စာပေစာတမ်းဖတ်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးတင်လှိုင်(လယ်တွင်းသားစောချစ်)က နိဂုံးချုပ်အမှာစကားပြောကြားပြီး ဘာသာပြန်စာပေ စာတမ်းဖတ်ပွဲနှင့် နွေရာသီစာအုပ်ဈေးရောင်းပွဲတော် အောင်မြင်စွာ ကျင်းပပြီးစီးသည်။
ဘာသာပြန်စာပေစာတမ်းဖတ်ပွဲနှင့်အတူ နွေရာသီ စာအုပ်ဈေးရောင်းပွဲတော်ကို ဗဟိုပုံနှိပ်စက်ရုံဝင်း မြေညီထပ်၊ ပထမထပ်တို့၌ကျင်းပလျက်ရှိရာ စာအုပ် အရောင်းဆိုင်များတွင် ရဟန်းသံဃာများ၊ စာပေချစ်မြတ် နိုးသူ၊ လေ့လာဝယ်ယူအားပေးသူများဖြင့် စည်ကားခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment