Tuesday, May 2, 2017

သီယိုဟာနန်ဒက်ဇ်၊ ဘယ်လာရင်၊ ကော်တင်ဟိုနှင့် ဗာရက်တီတို့အားဘာစ်ီလိုနာအသင်းခေါ်ယူရန် ပစ်မှတ်ထားနေ

Image may contain: 3 people, people playing sports and outdoor
စပိန်လာလီဂါကလပ်ဘာစီလိုနာအသင်းသည် ၂ဝ၁၇-၂ဝ၁၈ ဘောလုံးရာသီ မစတင်မီကာလအတွင်း လက်ရှိအသင်းကို အသင်းကောင်းတစ်သင်းအဖြစ် ပြန်လည်ဖွဲ့စည်းတည်ဆောက်ရန်အတွက် အက်သလက်တီကိုမက်ဒရစ်ဘယ်နောက်ခံကစားသမားသီယိုဟာနန်ဒက်ဇ်၊ အာဆင်နယ်အသင်း၏ ညာနောက် ခံကစားသမားဘယ်လာရင်တို့ကိုနောက်တန်းခံစစ်ကြောင်းအတွက် ခေါ်ယူရန် ပစ်မှတ်ထားလျက်ရှိသည်။
ထို့ပြင် ဘာစီလိုနာအသင်းအနေဖြင့် ကွင်းလယ်ပိုင်းကိုအားဖြည့်ရန် အတွက် လီဗာပူးအသင်း၏ ကွင်းလယ်ပိုင်းတွင် အားထားရသည့် ဖိလစ်ပီ ကော်တင်ဟိုနှင့် ပီအက်စ်ဂျီအသင်းကွင်းလယ်ကစားသမားမာကိုဗာရက်တီတို့ အားခေါ်ယူရန်စီစဉ် လျက်ရှိသည်။
ဘာစီလိုနာအသင်းဥက္ကဋ္ဌ မာရီယာဘာတိုမူးကမူ ပြီးခဲ့သည့်ဘောလုံးရာသီကဗလင်စီယာအသင်းမှ အန်ဒရီဂိုမက်စ်ကိုခေါ်ယူထားခဲ့ခြင်းကြောင့် လာမည့် အပြောင်းအရွှေ့ကာလတွင် ယူရို ၂၅ သန်းသာသုံးစွဲမည်ဟုဆိုသည်။
လက်ရှိတွင် ဘာစီလိုနာအသင်းမှ တူရန်နှင့် မက်သီရူးတို့မှာ နွေရာသီ အပြောင်းအရွှေ့ကာလတွင် ထွက်ခွာဖွယ်ရှိနေကြောင်းသိသည်။ ဘာစီလိုနာ အသင်းသည် သီယိုဟာနန်ဒက်ဇ်ကိုခေါ်ယူမည်ဆိုပါကပေါင် ၂၄ သန်းကုန် ကျမည်ဖြစ်ပြီးဘယ်လာရင်အားခေါ်ယူမည်ဆိုပါကပေါင် သန်း ၃ဝ ကုန်ကျမည် ဖြစ်ကြောင်းသိရသည်။
နောက်တန်းကစားသမားကိုသာအဓိကထားခေါ်ယူမည်ဖြစ်သောကြောင့် ကွင်းလယ်ပိုင်းအတွက်အားဖြည့်ရန် စီစဉ်ထားသည့် ကစားသမားနှစ်ဦးဖြစ် သောကော်တင်ဟိုနှင့် ဗာရက်တီတို့မှာဈေးကြီးနေပါကအဆိုပါကစားသမား နှစ်ဦးနှင့် ပတ်သက်ပြီးခေါ်ယူရန်စဉ်းစားရဖွယ်ရှိနေကြောင်းလည်းသိရသည်။
(ငွေကြယ်)

No comments:

Post a Comment