Tuesday, May 2, 2017

အီရန်ဂြိုဟ်တုရုပ်မြင်သံကြားဌာနအကြီးအကဲ အစ္စတန်ဘူမြို့၌ သေနတ်ပစ်ခံရ၍ သေဆုံး


Image may contain: 1 person

အစ္စတန်ဘူ မေ ၁

လွန်ခဲ့သည့်နှစ်အတွင်းက အီရန်နိုင်ငံရှိ တရားရုံးတစ်ရုံးက မျက်ကွယ်တွင် ချမှတ်သည့် စီရင်ချက်တစ်ရပ်အဖြစ် ထောင်ဒဏ်ခြောက်နှစ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည့် ဂြိုဟ်တုရုပ်မြင်သံကြားလုပ်ငန်းအကြီးအကဲတစ်ဦးသည် ၄င်း၏လုပ်ဖော်ကိုင်ဖက်တစ်ဦးနှင့်အတူ တူရကီနိုင်ငံအစ္စတန်ဘူမြို့တွင် ဧပြီ ၂၉ ရက်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း တူရကီအစိုးရ ဒိုဂန်သတင်းဌာနက ဧပြီ ၃ဝ ရက်တွင် သတင်းဖော်ပြသည်။

ဂျီအီးအမ်ရုပ်မြင်သံကြားဌာနကို တည်ထောင်သူ ဆာအိကာရီမိန်သည် ၄င်းနှင့်အလုပ်အတူ လုပ်ကိုင်နေသူနှင့်အတူ အစ္စတန်ဘူမြို့ မာလ်စကတ်ဒေသအနီး ဧပြီ ၂၉ ရက် ဒေသစံတော်ချိန် ည ၈ နာရီခန့်တွင် မော်တော်ယာဉ်မောင်းနှင်နေစဉ် ၄င်းတို့၏ မော်တော်ယာဉ်ကို ဂျစ်ကားတစ်စီးက လမ်းပိတ်ရပ်တန့်စေခဲ့ပြီး ၄င်းတို့အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒိုဂန်သတင်းဌာနက ဖော်ပြသည်။

အခင်းဖြစ်ပွားရာနေရာသို့ ကယ်ဆယ်ရေးအဖွဲ့ဝင်များ ရောက်ရှိလာချိန်တွင် သေဆုံးသွားသည့်ဆာအိ၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိပြီး သေနတ်ထိမှန်သွားသည့် ¤င်း၏လုပ်ဖော်ကိုင်ဖက်အား ဆေးရုံသို့တင်ပို့ကုသပေးခဲ့သော်လည်း ၄င်း၏အသက်ကို ကယ်တင်နိုင်ခြင်းမရှိခဲ့ပေ။

သေနတ်ပစ်ခတ်ခံရ၍ သေဆုံးသွားသူနှစ်ဦးမှာ အီရန်လူမျိုးများဟု ဒိုဂန်သတင်း၌ ဖော်ပြပြီး ဟာရီယက် နေ့စဉ်သတင်းစာ၌မူ ဆာအိအား ဗြိတိန်နိုင်ငံသား၊ ၄င်း၏လုပ်ဖော်ကိုင်ဖက်အား ကူဝိတ်နိုင်ငံသားဖြစ်ကြောင်း ဖော်ပြသည်။

မျက်နှာဖုံးများ စွပ်ထားသည့် သေနတ်သမားနှစ်ဦးက ဂျစ်ကားပေါ်မှဆင်းကာ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဟာရီယက်နေ့စဉ်သတင်းစာက ဖော်ပြသည်။

သေနတ်သမားများ အသုံးပြုခဲ့သောကားကို ၄င်းတို့ကစွန့်ပစ်သွားပြီး မီးလောင်ကျွမ်းထားသည့် ဂျစ်ကားကို နောက်ပိုင်းတွင် ရှာဖွေတွေ့ရှိရသည်။

ရိုက်တာ။

No comments:

Post a Comment