Tuesday, May 30, 2017

မန်ယူကွင်းလယ်ကစားသမားအဖြစ် ရှိနေဦးမယ့် မိုက်ကယ်ကာရစ်



 ကောင်းမြတ်သူ - စုစည်းသည်။


မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနှစ်ပရီမီယာလိဂ်မှာ ပဉ္စမနေရာမှ အဆုံး သတ်ပြီး ယူရိုပါလိဂ် ဖလားဆွတ်ခူးခဲ့ပါတယ်။ မန်ယူအနေနဲ့ ပရီမီယာလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ ရည်မှန်းထားတာဖြစ်တဲ့အတွက် အဓိကကစားသမားတစ်ဦးဖြစ်တဲ့ မိုက် ကယ်ကာရစ်ကို တစ်နှစ်စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။ ကွင်းလယ်ကစားသမား ကာ ရစ်ဟာ လာမယ့်ရာသီမှာ မန်ယူနဲ့အတူ ဆက်လက်ရှိနေဦးမှာ ဖြစ်ပါတယ်။ ဒါဟာ လည်း မော်ရင်ဟို ပရီမီယာလိဂ်ဖလား ကိုင်မြှောက်နိုင်ရေး အထောက်အကူဖြစ်စေ ဖို့လို့ ဆိုပါတယ်။ သူဟာ လာမယ့်ရာသီမှာ မန်ယူရဲ့ အနီရောင်အင်္ကျီကို ၁၂ နှစ်မြောက် အဖြစ် ဝတ်ဆင်ကစားမှာ ဖြစ်ပါတယ်။ သူဟာ ဒီနှစ်ရာသီမှာ မန်ယူနဲ့အတူ ယူရိုပါလိဂ် EFL ဖလားတွေကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မိုက်ကယ်ကာရစ်ဟာ မန်ယူမှာ ကစားတဲ့ သက်တမ်းအရှည်ဆုံးကစားသမားတစ်ဦး ဖြစ်လာမှာ ဖြစ်ပါတယ်။ သူဟာ ၂ဝဝ၈ ခုနှစ်က မန်ယူချန်ပီယံလိဂ်ဆုဖလားဆွတ်ခူး ရာမှာလည်း ပါဝင်ခဲ့သူဖြစ်ပါတယ်။ မော်ရင်ဟိုနဲ့ ကာရစ်တွဲပြီး ပရီမီယာလိဂ်နဲ့ ချန်ပီ ယံလိဂ် ဆုဖလားနှစ်လုံးကို ဆွတ်ခူးပေးသွားဦးမယ်လို့ သူက ဆိုပါတယ်။

No comments:

Post a Comment