Tuesday, May 30, 2017

တောင်သူများနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနည်းပညာပေးဆွေးနွေး

Image may contain: one or more people
ဘားအံ မေ ၂၉
ကရင်ပြည်နယ် ဘားအံမြို့နယ် မြိုင်ကလေးကျေးရွာအား တစ်ခရိုင်တစ်ရွာ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာအဖြစ် သတ်မှတ်ထားပြီး တောင်သူများ အကျိုးအမြတ်ပိုမိုရရှိစေရန်အတွက် ရည်ရွယ်ပြီး ပြည်နယ်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဘက်စုံနည်းပညာပေးခြင်းကို မေ ၂၇ ရက်က အဆိုပါ မြိုင်ကလေးကျေးရွာ အလယ်ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယ ပြည်နယ် ဦးစီးမှူး ဦးဇော်လင်းက အမှာစကားပြောကြားပြီး ဘားအံခရိုင်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်အေးမေ၊ ပြည်နယ်မြေအသုံးချရေးတာဝန်ခံ ဒေါ်သင်းသင်းဆင့်၊ မြို့နယ်စိုက်ပျိုးရေး၊ စက်မှုလယ်ယာ၊ သမဝါယမ၊ ဆည်မြောင်းဦးစီးဌာနများမှ တာဝန်ခံများ၊ မြေ၊ မျိုး၊ ပိုးတာဝန်ခံများက တောင်သူများအား လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဘက်စုံနည်းပညာပေးခြင်း၊ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက် ရေးနည်းပညာများကို အသီးသီးဆွေးနွေးပို့ချခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲတွင် ဘက်စုံအဆင့်မြင့်စံပြကျေးရွာ ရွေးချယ်ထား သော မြိုင်ကလေးကျေးရွာမှ တက်ရောက်လာကြသောတောင်သူ ၁၂ဝ ကျော် အား မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ ဘက်စုံပိုးမွှား ရောဂါကာကွယ်နှိမ်နင်းရေးနှင့် သီးနှံပြုစုစောင့်ရှောက်ရေးလုပ်ငန်းများကို ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ဘားအံ)

No comments:

Post a Comment