Monday, May 1, 2017

ပုဂံဘက်စုံပညာထူးချွန်လူငယ်များနှင့် လူရည်ချွန်ကြီးများ တွေ့ဆုံ

Image may contain: 2 people
ညောင်ဦး ဧပြီ ၃ဝ
ဘက်စုံပညာထူးချွန်လူငယ်အပန်းဖြေစခန်း(ပုဂံ)သို့ ရောက်ရှိနေသော ဘက်စုံပညာထူးချွန်လူငယ်များနှင့် လူရည်ချွန်ကြီးများတွေ့ဆုံပွဲကို စခန်းချရာနေရာဖြစ်သည့် မြနန်းဘုံROYAL EMERALD RIVER VIEW RESORT ၌ ကျင်းပသည်။
အဆိုပါတွေ့ဆုံပွဲသို့ ၁၉၆၄-၁၉၈၈ လူရည်ချွန်ကြီး များဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဟောင်း ဒေါက်တာဖေသက်ခင်တို့အပါအဝင် လူရည်ချွန်ကြီးစုစုပေါင်း ၃ဝ ခန့်တို့က တစ်ဦးချင်း မိတ်ဆက်ခြင်း၊ ပဟေဠိဥာဏ်စမ်းမေးခွန်းများ မေးမြန်းခြင်း၊ ဖြတ်သန်းခဲ့ရသည့် လူရည်ချွန်ဘဝအတွေ့အကြုံများ ပြန်လည်မျှဝေခြင်း၊ ပဟေဠိဥာဏ်စမ်းမေးခွန်းဖြေရာတွင် ဆုရရှိသည့် ဘက်စုံထူးချွန်လူငယ်များအား ဆုများပေးအပ် ခြင်း၊ လူရည်ချွန်ကြီးများ ဦးဆောင်ကာ စခန်းနွေမွန်လူရည်၊ နောင်တစ်ခေတ်ရဲ့ လူရည်ချွန် စသည့် လူရည်ချွန်သီချင်း နှစ်ပုဒ်ကို ပုဂံအပန်းဖြေစခန်းသို့ရောက်ရှိနေသည့် အဋ္ဌမတန်းဘက်စုံပညာထူးချွန်လူငယ်များနှင့်အတူ သီဆို ဂုဏ်ပြုကြသည်။ ဆက်လက်ပြီး လူရည်ချွန်ကြီးများအား အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။
ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ဇနီးတို့က ဘက်စုံပညာထူးချွန် လူငယ်အပန်းဖြေစခန်း(ပုဂံ)ရှိ အဋ္ဌမတန်းဘက်စုံပညာထူးချွန်လူငယ်များအား လာရောက်တွေ့ဆုံပြီး ဘက်စုံပညာ ထူးချွန်လူငယ်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဘက်စုံ ပညာထူးချွန်လူငယ်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကာ အားပေးစကားပြောကြားခဲ့သည်။
(နိုင်လင်းကြည်)

No comments:

Post a Comment