Monday, May 1, 2017

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အဂတိကင်းကင်းဖြင့် တရားဥပဒေနှင့်အညီ စေတနာအပြည့်အဝဖြင့် ကြိုးစားလုပ်ဆောင်

Image may contain: 4 people, people standing, sky and outdoor
ဂွ ဧပြီ ၃ဝ
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ စည်ပင်ဝန်ကြီး ဦးမင်းအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောရေးရာဝန်ကြီး ဦးကျော်လွင်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ဧပြီ ၂၈ ရက် နံနက်က ဂွမြို့ ကင်းရုံးရပ်ကွက်တွင် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ပြည်နယ်ဖြည့်စွက်ရန်ပုံငွေ ကျပ်သန်း ၁၅ဝ ဖြင့် မင်းကြိုက်ကုမ္ပဏီက တာဝန်
ယူ ဆောင်ရွက်လျက်ရှိသည့် ၆၉ ပေx ၄၈ ပေ ရှိ ဆိပ်ခံတံတား ဆောက်လုပ်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိ သူများအား လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂွမြို့အတွင်း ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများသည် ရဟိုင်ကူးတို့ကျေးရွာ အထကသို့ရောက်ရှိပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံသည်။ ရဟိုင်ကူးတို့ ကမ်းခြေသာယာလှပရေးနှင့် ကမ်းခြေပတ်လမ်း ဆောင်ရွက်ရန် လိုအပ်ချက်များကို ကွင်းဆင်းစစ်ဆေးပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများအား လိုအပ်ချက်များကို ဥပဒေနှင့်အညီဆောင်ရွက်ကြရန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဂွမြို့ အောင်မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်သည့် လူထုတွေ့ဆုံပွဲသို့ တက်ရောက်ပြီး ပြည်နယ်အတွက် ဒေသဆိုင်ရာဖြည့်ဆည်းဆောင်ရွက်ချက်များကို တတ်နိုင်သရွေ့ စေတနာအပြည့်အဝထားပြီး ကြိုးစားဆောင် ရွက်ခဲ့ကြောင်း၊ ပြည်သူနှင့်အတူ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အဂတိကင်းကင်းဖြင့် တရားဥပဒေနှင့်အညီ စေတနာ အပြည့်အဝဖြင့်ကြိုးစားလုပ်ဆောင်ခဲ့ကြောင်း ပြောကြားသည်။
ဒေသဆိုင်ရာပြည်သူများက တင်ပြသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မြေယာမှုခင်းဆိုင်ရာများကို တင်ပြဆွေးနွေးမှုအပေါ် ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူ များက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တင်တောကျေးရွာနှင့် အမော်ကျေးရွာများအတွက် ဆိုလာမီးအိမ်များကို ပေးအပ်လှူ
ဒါန်းပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရဟိုင်ကွင်းကျေးရွာ စက်မှုလယ်ယာ ဧက ၁၂ဝ စံပြကွက် ဆောင်ရွက်နေမှုအခြေ အနေများကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်

No comments:

Post a Comment