Monday, May 1, 2017

ဘက်စုံပညာထူးချွန် ကျောင်းသား ကျောင်းသူများနှင့် လူရည်ချွန်ဟောင်းကြီးများ တွေ့ဆုံ

No automatic alt text available.
ငွေဆောင် ဧပြီ ၃ဝ
ဘက်စုံပညာထူးချွန် အပန်းဖြေစခန်း(ငွေဆောင်)တွင် ရောက်ရှိနေသည့် ဘက်စုံပညာထူးချွန် ကျောင်းသား ကျောင်းသူ များနှင့် ၁၉၆၄-၁၉၈၈ လူရည်ချွန်ဟောင်းကြီးများ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ငွေဆောင်ကမ်းခြေရှိ ဘက်စုံပညာ ထူးချွန် အပန်းဖြေစခန်းဖွင့်လှစ်ထားသည့် ပုလဲငွေဆောင်ဟိုတယ်၌ ကျင်းပသည်။
တွေ့ဆုံပွဲ အခမ်းအနားတွင် လူရည်ချွန်ဟောင်းကြီးများက ၁၉၆၄-၁၉၈၈ လူရည်ချွန်အဖွဲ့ ဖြစ်ပေါ်လာပုံ၊ လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် ၎င်းတို့ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများကို မျှဝေပြောကြား သည်။
လူရည်ချွန်(၁၉၆၄-၁၉၈၈)အဖွဲ့ ဒုတိယဥက္ကဋ္ဌ ပါမောက္ခ ဗိုလ်မှူးကြီး ဒေါက်တာကေသီထွန်းက ''အဖွဲ့ရဲ့ လူမှုရေး ဆောင်ရွက်နေမှုအခြေအနေတွေကို ရှင်းပြတယ်။ မျိုးဆက်သစ် လူရည်ချွန် ကျောင်းသား ကျောင်းသူတွေ ဒီမှာနေထိုင်စဉ် တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ပျော်ပျော်ရွှင်ရွှင်နေကြဖို့ လာအားပေးတာပါ။ တစ်ချိန်မှာ ကျွန်မတို့ လူရည်ချွန်ဟောင်းကြီးတွေလုပ်နေတဲ့ လူမှုအကျိုးပြုလုပ်ငန်းအားလုံးကို သူတို့လက်ထဲထည့်သွားမယ်''ဟု ပြောသည်။
အခမ်းအနားတွင် လူရည်ချွန်ဟောင်းကြီးများက ဥာဏ်စမ်းပဟေဠိ ပြိုင်ပွဲကျင်းပရာ ဘက်စုံပညာထူးချွန် ကျောင်းသား ကျောင်းသူများက အဖွဲ့ ၁၈ ဖွဲ့ ဖွဲ့ကာ အုပ်စုလိုက် ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား လူရည်ချွန်ဟောင်း ကြီးများက အမှတ်တရဆုများ ပေးအပ်ချီးမြှင့်သည်။
သတင်း-မင်းသစ်(MNA)၊ ဓာတ်ပုံ-နေလင်း

No comments:

Post a Comment