Wednesday, May 31, 2017

တာချီလိတ်မြို့နယ်၌ ငွေကျပ်သိန်း ၄ဝဝဝ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ

No automatic alt text available.
တာချီလိတ် မေ ၃ဝ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု ပါခါးကျေးရွာအနီးရှိ လက်ဖက်ခြံအတွင်းမှ မေ ၂၉ ရက် နံနက်ပိုင်းက ငွေကျပ် ၄၁၇၆ သိန်းခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးစီမံချက်ဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု ၃ဝ တာချီလိတ်မှ တင်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်နယ်မှ တပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု ပါခါးကျေးရွာအနီးရှိ လက်ဖက်ခြံအတွင်း ရှာဖွေရာ မြေကြီးအတွင်းမြှုပ်ထားသည့် သံသေတ္တာနှစ်လုံး အတွင်းမှWY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၂၁၈၄ဝဝ၊ အလေးချိန် ၂၁ ဒသမ ၈၄ ကီလိုခန့်၊ စိတ်ကြွဆေးပြားပြုလုပ်ရန် အသင့်ရောစပ်ထားသည့် ပန်းရောင်အမှုန့် အလေးချိန် ငါးကီလိုခန့်ပါ တစ်ထုပ်နှင့် စိတ်ကြွဆေးပြားပြုလုပ်ရန် အသင့်ရောစပ်ထားသည့် ရေစိုပျက်စီးနေသော ပန်းရောင်အမှုန့် အလေးချိန် နှစ်ကီလိုခန့်ပါ တစ်ထုပ်တို့အား ရှာဖွေသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ အားဂျေနှင့် မာထတို့နှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။
ဝေယံလင်း(ပြန်/ဆက်)

No comments:

Post a Comment