နေပြည်တော် မေ ၃ဝ
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင်ကျင်းပရာ မေးခွန်းငါးခု မေးမြန်းဖြေကြားခြင်း၊ အစီရင်ခံစာတစ်ခု၊ ဥပဒေကြမ်းတစ်ခုနှင့် အဆိုတစ်ခုတို့အား ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံး အဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၏ လွိုင်လင်မြို့နယ် ဟွေတောက်ချောင်းကူး သစ်သားတံတား နေရာတွင် သံကူကွန်ကရစ်တံတားတစ်စင်း ဆောက်လုပ်ပေး ရန်နှင့် မိုင်းပွန်တိုက်နယ် ကျေးရွာအုပ်စုမှ တောင်ကြီးဖေးရွာ အထိ မြေသားလမ်းအား ကျောက်ချောလမ်းအဖြစ် အဆင့် မြှင့်တင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက တောင်ကြီးဖေး ရွာလမ်းနှင့် ဟွေတောက်ချောင်းကူး ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းများသည် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေး နှစ်တွင် လျာထားပါဝင်ခြင်းမရှိပါကြောင်း၊ လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါသော်လည်း နှစ်အလိုက် တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဦးစားပေးလျာထားမှုအပေါ်မူ တည်ပြီး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
မုဒုံမဲဆန္ဒနယ်မှ ဦးစောထွန်း၏ မုဒုံမြို့နယ် ဝဲကလိချောင်း တံတားအား သံကူကွန်ကရစ်တံတားအဖြစ် အသစ်ဆောက် လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက မုဒုံမြို့နယ်အတွင်း ဝဲကလိချောင်းကူးတံတား တည်ဆောက်ခြင်းလုပ်ငန်းသည် ယခု ၂ဝ၁၇-၂ဝ၁၈ ခု ဘဏ္ဍာရေးနှစ်တွင် လျာထားပါဝင်ခြင်းမရှိ ပါကြောင်း၊ လတ်တလောဆောင်ရွက်ပေးနိုင်ခြင်း မရှိသော် လည်း နှစ်အလိုက် တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဦးစားပေး လျာထားမှုအပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် သရက်မဲဆန္ဒနယ်မှ ဦးကံမြင့်၊ ဓနုဖြူမဲဆန္ဒနယ်မှ ဦးတင်လှနှင့် ထီးချိုင့်မဲဆန္ဒနယ်မှ ဦးမောင်မောင်တို့၏ လမ်း အဆင့်မြှင့်တင်ပေးရေး၊ လမ်းဖောက်လုပ်ပေးရေးဆိုင်ရာ မေးခွန်းများကိုလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ(ခ) ဒေါ်ရှား မီး တင်သွင်းသည့် ''အဂတိလိုက်စားမှု(လာဘ်ပေးလာဘ်ယူမှု)ကျဆင်းရန်အတွက် အစိုးရရုံးများနှင့် ပြည်သူလူထုဆက်ဆံ ရေးပြေပြစ်ရန် အစိုးရရုံးများက အကြောင်းပြချက်မခိုင်လုံဘဲ ရုံးချိန်း ခဏခဏမပြောင်းရန်အတွက် ထိန်းသိမ်းကြပ်မတ်ပေး ရန် လိုအပ်သော အရေးယူမှု၊ အမိန့်၊ ဥပဒေများ ချမှတ်ပေး ပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း'' အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ဘိုကလေးမဲဆန္ဒနယ်မှ ဦးမင်းသိုင်းက ဌာနအသီးသီး၏ အဂတိလိုက်စားမှုသည် ပြည်သူများအတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုးဖြစ်နေပါကြောင်း၊ မြန်မာနိုင်ငံအတွင်း အဂတိ လိုက်စားမှုသည် အနာဂတ်ရင်းနှီးမြှုပ်နှံမှုနှင့် ပုဂ္ဂလိကကဏ္ဍ အဖွဲ့အစည်းများ တိုးတက်ရန်အတွက် အဓိကအတားအဆီး ဖြစ်နေသည်ဟု က္ဘာ့ဘဏ်က သုံးသပ်ထားပါကြောင်း၊ အစိုးရ ဝန်ထမ်း၊ အရာထမ်း၊ အမှုထမ်းများ၏ပိုင်ဆိုင်မှုများကို ဖော်ထုတ် ကြေညာသည့်ဥပဒေများ ပြဋ္ဌာန်းပေးမည်ဆိုပါက အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကို များစွာ အထောက်အကူပြုမည် ဖြစ်ပါကြောင်း ဆွေးနွေးသည်။
ကျုံပျော်မဲဆန္ဒနယ်မှ ဦးစိုးအောင်နိုင်က အချို့ဌာနများတွင် မသိနားမလည်သော အရပ်သားပြည်သူများ ရုံးကိုရောက် လာသည့်အခါ မယဉ်ကျေးသော အပြောအဆို၊ အပြုအမူများ ဖြင့် အပေါ်စီးမှဆက်ဆံမှုများ ယခုအချိန်အထိ ရှိနေသည်ကို ကြားသိနေရပါကြောင်း၊ အချို့ပြည်သူများသည် ရုံးချိန်းများ၊ ဌာနဆိုင်ရာများနှင့် ဆောင်ရွက်ရမည့်ကိစ္စရပ်များတွင် အလုပ် ပျက်ခံ၍ တစ်နေကုန် ရုံးတွင်စောင့်ရခြင်း၊ ညနေရောက်သည့် အခါမှ မအားသည်ဟုဆိုကာ တာဝန်မဲ့စွာဖြင့် ရုံးချိန်းပြောင်းခြင်း၊ ရက်ချိန်းရွှေ့ခြင်းများကြောင့် ဒုက္ခရောက်ကြရသည့် ပြည်သူ့ အများအပြားရှိနေပါကြောင်း ဆွေးနွေးသည်။
မိုးညှင်းမဲဆန္ဒနယ်မှ ဒေါ်စန်းစန်းအိက ရုံးချိန်းများ ခဏခဏ သွားကြရသည့်အခါတွင် အစိုးရယ္တရားအပေါ် ပြည်သူများ၏ ယုံကြည်မှုလျော့နည်းလာပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေတွင် ပြည်သူကို ရိုသေလေးစားစွာဝန်ဆောင်မှုပေးရမည်ဟု ပြဋ္ဌာန်း ထားပါကြောင်း ဆွေးနွေးသည်။
ထို့ပြင် တံတားဦးမဲဆန္ဒနယ်မှ ဒေါ်စိုးနွယ်အေး၊ စဥ့်ကိုင် မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ကြည်မို့မို့လွင်နှင့် ကလေးဝ မဲဆန္ဒနယ်မှ ဦးသန်းထွန်းမြင့်တို့ကလည်း အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
အဆိုနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးမြဝင်းက ဝန်ထမ်းများက ပြည်သူလူထုကို ရုံးဌာနများသို့ အကြိမ်ကြိမ်ချိန်းဆိုကာ အချိန်ဆွဲ၊ စိတ်အနှောင့် အယှက်ဖြစ်အောင်ပြုလုပ်ပြီး လာဘ်ပေးလာအောင် ဖန်တီးသည့် ကိစ္စများ လျော့နည်းကျဆင်းသွားစေရန် ပြည်သူလူထုအား ဝန်ဆောင်မှုပေးသည့် ဌာနဆိုင်ရာများအနေဖြင့် ဝန်ဆောင်မှု ပေးနေသည့်လုပ်ငန်းများတွင် မလိုအပ်သည့်အဆင့်များကို လျှော့ချရန်၊ ဝန်ဆောင်ပေးမှု မှတ်တမ်းများထားရှိရန်နှင့် လုပ်ငန်းတစ်ခုချင်းအလိုက် ပြီးပြတ်အောင်ဆောင်ရွက်ရမည့် အချိန်ကာလကို တိကျစွာသတ်မှတ်ပြီး အများပြည်သူသိရှိနိုင် ရန်အတွက် ပွင့်လင်းမြင်သာစွာ အမိန့်နှင့်òန်ကြားချက်များ ထုတ်ပြန်ကြေညာရန်လိုအပ်သဖြင့် အချို့ဌာနများတွင် စတင် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း။
သို့ရာတွင် ဆောင်ရွက်ရန်ကျန်ရှိနေသော ပြည်သူလူထု နှင့် တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်သည့်အစိုးရဌာန၊ အဖွဲ့ အစည်းများအနေဖြင့် မိမိဌာနအလိုက် လုပ်ငန်းသဘော သဘာဝ ကွဲပြားခြားနားမှုအခြေအနေကိုမူတည်၍ ဆောင်ရွက် ပေးရန်၊ ပြီးပြတ်အောင်ဆောင်ရွက်ပေးမည့် အချိန်ကာလနှင့်ယူဆောင်လာရမည့်အချက်များကို ပြည်သူလူထုသိရှိနိုင်ရန် ဌာနဆိုင်ရာရုံးတိုင်း၏ မြင်သာသည့်နေရာများတွင် ထင်ထင် ရှားရှား ကြေညာထားရန်၊ ခိုင်လုံသောအကြောင်းမရှိဘဲ သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ပေးခြင်းမပြုပါက ဝန်ကြီး ဌာန၊ အဖွဲ့အစည်းအလိုက် တိုင်ကြားနိုင်သည့် Complaint Center များ ထုတ်ပြန်ကြေညာထားရန်၊ ပြည်သူများ၏ လုပ်ငန်းဆောင်ရွက်ရမှုအပေါ် တိုင်ကြားသည့် တိုင်စာကို စစ်ဆေးရာတွင် တိုင်ကြားခံရသူသည် မိမိ၏လုပ်ငန်းတာဝန် ကို ကျေပွန်အောင်ဆောင်ရွက်ခြင်းမပြုကြောင်း၊ ပြည်သူလူထုကို လုပ်ပိုင်ခွင့်ဘောင်အတွင်းမှ ပညာပြအချိန်ဆွဲကြောင်းတွေ့ရှိပါက အဆိုပါဝန်ထမ်းအား ဝန်ထမ်းစည်းကမ်းအရ အရေးယူရေးနှင့် လာဘ်ယူကြောင်း ပေါ်ပေါက်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူရေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
ဝန်ဆောင်မှုလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မလိုအပ်ဘဲ ရွှေ့ပြောင်းချိန်းဆိုခြင်း ဖြစ်ပေါ် ရခြင်းမှာ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ၏ အားနည်းချက်တစ်ခုတည်းကြောင့် မဟုတ်ဘဲ သက်ဆိုင်ရာဝန်ထမ်းများ၏ လုပ်ငန်းမကျွမ်းကျင်မှု၊ မသမာမှုများကြောင့် ဖြစ်နိုင်သည့်အတွက် သက်ဆိုင်ရာအစိုးရ ဌာနအဖွဲ့အစည်းများမှ ကြပ်မတ်ဆောင်ရွက်သင့်ပါကြောင်း နှင့် အဆိုကိုမှတ်တမ်းတင် ထားရှိသင့်ပါကြောင်း ရှင်းလင်းသည်။
ယင်းအဆိုကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ဆုံး ဖြတ်သည်။
ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီက တင်သွင်းသည့် အစီရင်ခံစာနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တင်သွင်းသည့် တာတမံဥပဒေကြမ်းတို့ကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြပြီး လွှတ်တော်၏အဆုံးအဖြတ် ရယူအတည်ပြု ခဲ့ကြသည်။
ကျော်သူထက်(သတင်းစဉ်)
No comments:
Post a Comment