Monday, May 1, 2017

ဧဝရက်တောင်ပေါ်သို့တက်ရန်ပြင်ဆင်သည့် ဆွစ်ဇာလန်နိုင်ငံသား ဝါရင့်တောင်တက်သမား ပြုတ်ကျသေဆုံး



 
ခတ္တမန္ဒူ ဧပြီ ၃ဝ


ဆွစ်ဇာလန်နိုင်ငံမှ ဝါရင့်တောင်တက်သမားတစ်ဦးသည် ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်သည့် ဧဝရက်တောင်ပေါ်သို့တက်ရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေစဉ် မတော်တဆ ပြုတ်ကျကာ သေဆုံးခဲ့ရကြောင်း သိရသည်။

၎င်းသေဆုံးမှုသည် ယခုတောင်တက်ရာသီအတွင်း၌ ပထမဆုံးအကြိမ်အဖြစ် တောင်တက်သမားတစ်ဦး ကြွေလွင့်သွားသည့် ကြေကွဲဝမ်းနည်းဖွယ်ဖြစ်ရပ်ဖြစ် ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ဆွစ်ဇာလန်တောင်တက်သမား အီလီစတက် (အသက် ၄ဝ)သည် အဆိုပါဧရိယာ အတွင်းရှိ တောင်ထွတ်အသေးတစ်ခုဖြစ်သည့်Nuptse တောင်ခြေမှ ပြုတ်ကျ ခဲ့ပြီးနောက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စတက်၏တောင်တက်စွန့်စားမှုခရီးစဉ်ကို စီစဉ်ပေးခဲ့သည့် Seven Summits Treks ကုမ္ပဏီမှ မင်ဂမာရှာပါက ပြောကြား ခဲ့သည်။
 
စတက်၏အလောင်းကို တောင်အောက်မှပြန်လည်ရှာဖွေခဲ့ပြီးနောက် ခတ္တ မန္ဒူသို့ သယ်ဆောင်သွားကြောင်း ရှာပါက ပြောသည်။

 
ဧဝရက်တောင်ပေါ်သို့ တက်ရောက်ခဲ့သည့် စတက်သည် ဧဝရက်တောင် ပေါ်သို့သွားရာ ပုံမှန်လမ်းကြောင်း၌ပင် ချော်ကျကာ မီတာတစ်ထောင်ခန့် အနက် သို့ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း ရှာပါက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ သည်။
(ရိုက်တာ)

No comments:

Post a Comment