မြန်မာ့အလင်းအယ်ဒီတာအာဘော်
ယနေ့သည် မေဒေးဖြစ်၍ အလုပ်သမားနေ့လည်းဖြစ်သည်။ မေဒေးကို အလုပ်သမားနေ့အဖြစ်
မိမိတို့သိရှိနေကြခြင်းမှာ မိမိတို့နိုင်ငံဖြတ်သန်းခဲ့ရ သော
အတိတ်သမိုင်းကြောင်းအရဖြစ်သည်။ မေလ ၁ ရက်နေ့ (မေဒေး)ကို
အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အဖြစ် သတ်မှတ်ခဲ့သော ဖြစ်စဉ် များ
ဖြစ်ပေါ်ခဲ့ရာ မူလဘူမိနက်သန်ဖြစ်သည့် အမေရိကန်နိုင်ငံတွင်မူ မေဒေးကို
ရှေးအစဉ်အလာကျင်းပသည့် နွေဦးရာသီပွဲတော်ရက်အဖြစ်သာ လူသိများကြသည်ဟု
ဆိုသည်။ မေလ ၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
(ကမ္ဘာ့အလုပ်သမားနေ့) အဖြစ် သတ်မှတ်ကြသည့် နိုင်ငံများမှာ ဆိုရှယ်လစ်၊
ကွန်မြူနစ်စသည့် လက်ဝဲအယူဝါဒများကို ကျင့်သုံးသည့်
နိုင်ငံများဖြစ်သော်လည်း မေဒေး၏ သမိုင်းအစမှာ အမေရိ ကန်နိုင်ငံ
ချီကာဂိုမြို့မှ စတင်ခဲ့သည်။
ကမ္ဘာ့သမိုင်းတွင် ၁၉
ရာစုနှောင်းပိုင်းကာလ စက်မှုအရင်းရှင်ခေတ် အလုပ်သမားများ၏ဘဝမှာ
နိမ့်ကျဆိုးရွားလှပြီး လုပ်ငန်းခွင်အခြေအနေ များမှာလည်း
ကြမ်းတမ်းခက်ထန်လှကာ အန္တရာယ်လည်းများလှသည်။ အလုပ်သမားများ၏
တစ်နေ့တာအလုပ်လုပ်ရသည့်အချိန်မှာ ၁ဝ နာရီမှ ၁၆ နာရီအထိကြာမြင့်ကာ
¤င်းတို့ရရှိသည့် လုပ်ခမှာမူ အသက်မွေးမှုအတွက် မလုံလောက်သည့်အပြင်
လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရမှု၊ အသက်အန္တရာယ် နှင့်ရင်ဆိုင်ရမှုတို့အတွက်လည်း
မည်သည့်အာမခံချက်မှ မရှိပေ။ သို့ဖြင့် အရင်းရှင်တို့၏ ဖိနှိပ်မှု၊
အမြတ်ထုတ်မှု အမျိုးမျိုးတို့ကို မခံမရပ်နိုင်တော့ သည့်အဆုံးတွင်
အလုပ်သမားတို့ စုစည်းညီညွတ်မိကြကာ မိမိတို့လိုလားချက် များကို
တောင်းဆိုတိုက်ပွဲဝင်မှုများပေါ်ပေါက်လာခဲ့သည်။ ကနဦးတောင်းဆို မှုမှာ တစ်နေ့
အလုပ်လုပ်ချိန်ကို ရှစ်နာရီအဖြစ် သတ်မှတ်ရေးဖြစ်သည်။ ၁၈၈၆ ခုနှစ် မေလ ၎
ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု ချီကာဂိုမြို့ ဟေးမတ်ကက်ရင်ပြင်၌
အလုပ်သမားများ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆို နေကြစဉ် မသမာသူတစ်ဦးက
ဗုံးဖောက်ခွဲခဲ့သဖြင့် ရဲတပ်ဖွဲ့က ပစ်ခတ်မှု များဖြစ်ပွားခဲ့ပြီး
အခြေအနေမှာလည်း ရုန်းရင်းဆန်ခတ်ဖြစ်ကာ ဆန္ဒပြသူ များရော ရဲများပါ
နှစ်ဖက်စလုံးတွင် သေကျေဒဏ်ရာရမှုများ ဖြစ်ပေါ်ခဲ့ သည်။ ၁၈၈၉ ခုနှစ် ဇူလိုင်
၁၄ ရက်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပပြီး နိုင်ငံပေါင်း ၂ဝ
မှ ဆိုရှယ်လစ်နှင့် လေဘာပါတီကိုယ်စားလှယ် များတက်ရောက်ခဲ့သည့် ညီလာခံက
ချီကာဂို ဟေးမတ်ကက်အရေးအခင်းကို အကြောင်းပြုကာ မေ ၁ ရက် (မေဒေး) ကို
ကမ္ဘာ့အလုပ်သမားနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင်
မြေရှင်ပဒေသရာဇ်ခေတ်နှောင်းပိုင်းကာလ မင်းတုန်း မင်းလက်ထက်
နိုင်ငံခေတ်မီရေးဆောင်ရွက်ရာတွင် စက်ရုံ ၅ဝ တည်ထောင် ခဲ့ရာမှစ၍ အလုပ်သမား
၁၅ဝဝ ကျော် စတင်ပေါ်ပေါက်လာခဲ့ပြီး ဗြိတိသျှ နယ်ချဲ့ကိုလိုနီခေတ်တွင်မူ
မြန်မာ့မြေပေါ်သို့ စက်မှုလက်မှုလုပ်ငန်းများ ရောက်ရှိလာခြင်းနှင့်အတူ
အလုပ်သမားလူတန်းစားသည်လည်း အင်နှင့် အားနှင့်ဖြစ်တည်လာခဲ့သည်။ အတိတ်ကာလတွင်
မိမိတို့နိုင်ငံဖြတ်သန်း ခဲ့ရသည့် သမိုင်းတစ်လျှောက် အလုပ်သမားတို့၏
အင်အားသည် နိုင်ငံ လွတ်လပ်ရေးလှုပ်ရှားမှု၏ အင်အားစုများတွင်
ပါဝင်ခဲ့သကဲ့သို့ အလုပ် သမားထု၏အင်အားကို အမှီပြုပြီး နိုင်ငံရေးအရ၊
ပုဂ္ဂိုလ်ရေးအရ အမြတ် ထုတ်မှုများလည်း ကြုံတွေ့ခဲ့ရသည်ကို
ပြန်ပြောင်းလေ့လာတွေ့ရှိနိုင် မည်ဖြစ်သည်။
ကမ္ဘာ့အလုပ်သမားနေ့၏
သမိုင်းအစ ချီကာဂို ဟေးမတ်ကက်ရင်ပြင် အရေးအခင်းဖြစ်စဉ်ကဲ့သို့ပင်
အလုပ်သမားတို့၏ ရပိုင်ခွင့်ကို ရိုးသားစွာ တောင်းဆိုမှုအတွင်း
အဖျက်အမှောင့်ဝင်ရောက်မှုကြောင့် ဝမ်းနည်းဖွယ် အနိဋ္ဌာရုံဖြစ်ရပ်များ
ဆက်လက်ဖြစ်ပေါ်ခဲ့ခြင်းမှာ သင်ခန်းစာယူဖွယ်ပင် ဖြစ်သည်။ မျက်မှောက်ခေတ်သည်
၁၉ ရာစုခေတ်နှင့် လွန်စွာကွဲပြား ခြားနားသွားခဲ့ပြီဖြစ်သည့်အလျောက်
အလုပ်ရှင်၊ အလုပ်သမားတို့၏ လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်မှု၊ အပြန်အလှန်
လေးစားမှုများကို ထူထောင်ကာ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊
မိမိတို့လူမှုဘဝများ ကောင်းမွန်မြင့်မားလာရေးအတွက်
ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။ ။
No comments:
Post a Comment