Monday, May 29, 2017

နမီးသစ်တောကြိုးဝိုင်း အကွက်(၃၈)တွင် ကျွန်းသစ် ၁ဝ လုံးကို ယာဉ်မောင်းနှင့်တကွ ဖမ်းဆီးရမိ

Image may contain: 1 person, outdoor
မော်လူး မေ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးရဲစခန်းအပိုင်နယ်မြေ နမီး သစ်တောကြိုးဝိုင်းအကွက်(၃၈)တွင် ခြောက်ဘီးမော်တော်ယာဉ်ပေါ်၌ ကျွန်းသစ် ၁ဝ လုံးကို ယာဉ်မောင်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မေ ၂၇ ရက် မွန်းလွဲ ၁ နာရီခွဲက အင်းတော်မြို့နယ်သစ်တောဦးစီးဌာန မော်လူးဘိနယ်တာဝန်ခံ တောအုပ်ဝင်းလှိုင်မိုး၊ တောခေါင်းသန်းစိန် မော်လူးနယ်မြေရဲစခန်းမှ နယ်ထိန်းဒုတပ်ကြပ်နိုင်ဝင်းစိန်တို့ပါဝင်သောအဖွဲ့တို့သည် သတင်းအရ နမီးကြိုးဝိုင်းအကွက်(၃၈) လေဘိုကျေးရွာအနီးတွင် ယာဉ်မောင်း ကျော်ကျော်နိုင်(၃၁)နှစ် နန့်ပုတ်ကျေးရွာ မိုးညှင်းမြို့နယ် မောင်းနှင်သည့် 5K/---- FORLAND ခြောက်ဘီးယာဉ်ပေါ်တွင် တရားမဝင်ကျွန်းသစ် ၁ဝ လုံး(၂ ဒသမ ၉၄၈ တန်) တွေ့ရှိရသဖြင့် ဖမ်းဆီး အရေးယူနိုင်ရန်အတွက် တောအုပ်ဝင်းလှိုင်မိုးက တရားလိုပြုလုပ်တိုင်တန်း ခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမဝင်ကျွန်းသစ်လုံးများ တင်ဆောင်လာသူ ကျော်ကျော်နိုင်အား မော်လူးရဲစခန်းပိုင်နယ်မြေက အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
(ဝ၅၈)

No comments:

Post a Comment