Monday, May 29, 2017

ရတနာပုံတက္ကသိုလ် နံ့သာဆောင်(အမျိုးသမီးဆောင်)တွင် ဒုတိယပညာသင်ကာလမှစတင်ပြီးကျောင်းသူများအား နေထိုင်ခွင့်ပြုတော့မည်

Image may contain: sky, house and outdoor
မန္တလေး မေ ၂၈
၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် ဒုတိယပညာသင်ကာလမှ စတင်ကာ နေ့သင်တန်းများတွင် တက်ရောက်ပညာ သင်ကြားနေသည့် ကျောင်းသူ ၁၅ဝ ကို ရတနာပုံ တက္ကသိုလ် နံ့သာဆောင်(အမျိုးသမီးဆောင်)တွင် ကျောင်းဆောင်နေထိုင်ခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောင်းဆောင် နေထိုင်ခွင့်လျှောက်ထားရာတွင် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဉ္စမနှစ် ဥပဒေသင်တန်း၊ မဟာအရည်အချင်းစစ်သင်တန်း၊ ပထမနှစ် ဂုဏ်ထူးတန်း၊ ဒုတိယနှစ် ဂုဏ်ထူးတန်း၊ တတိယနှစ် ဂုဏ်ထူးတန်း၊ ပထမနှစ် မဟာတန်း၊ ဒုတိယနှစ် မဟာတန်းများတွင် တက်ရောက်ပညာ သင်ကြားနေသည့် ကျောင်းသူများအနေဖြင့် ကျောင်းဆောင်နေထိုင်ခွင့် လျှောက်လွှာများကို ကျောင်းသားရေးရာဌာန (နေ့သင်တန်း)တွင် မေ ၂၂ ရက်မှ ဇွန် ၈ ရက်အထိ လိုင်စင်ဓာတ်ပုံ သုံးပုံနှင့်အတူ လျှောက်ထားနိုင်ပြီး ကျောင်းဆောင်နေထိုင်ခွင့်ကို ကျောင်းဆောင်နေရာချထားရေးကော်မတီက စိစစ် လက်ခံသွားမည်ဖြစ်သည်။
အဆိုပါ နံ့သာဆောင်(အမျိုးသမီးဆောင်) သည် အိပ်ဆောင်နှင့် ထမင်းစားဆောင်ပါဝင်သည့် ၁၆ဝ ဆံ့ သုံးထပ်ဆောင်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် အနန္တဂုဏ်ရည် မန္တလေး ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်က တာဝန်ယူ ဆောက် လုပ်ခဲ့ကြောင်း သိရသည်။
တင်မောင်(မန်းကိုယ်ပွား)

No comments:

Post a Comment