
ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်လျက်ရှိသော မုန်တိုင်းငယ်နှင့် ပတ်သက်ပြီး မုန်တိုင်းအန္တရာယ်ကျရောက် လာပါက ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်နိုင်ရန် ယနေ့မွန်းလွဲပိုင်းက မောင်တောမြို့နယ် မြို့နယ်မီးသတ် ဦးစီးဌာနမှ မီးသတ်ယာဉ်ဖြင့် မောင်တောမြို့တွင်း လူစည် ကားရာ နေရာများနှင့် ရပ်ကွက်များအတွင်း လိုက်လံသတိ ပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
မောင်တောမြို့ မြို့နယ်မီးသတ်ဦးစီးဌာန လက် ထောက်ဦးစီးမှူး ဦးရဲလင်းအောင်က ''မုန်တိုင်းကျရောက် လာရင် ကယ်ဆယ်ရေးလုပ်ငန်းတွေ အချိန်မီဆောင်ရွက် နိုင်ဖို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားပါတယ်။ ဒီမှာရှိတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်''ဟု ပြောသည်။
ထို့အတူ မောင်တောခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနကလည်း မြို့တွင်းလူစည်ကားရာ နေရာများတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာနက ထုတ်ဝေသည့် မုန်တိုင်း ဘေးပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေလျက်ရှိ ကြောင်း သိရသည်။
အဆိုပါ ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ် လျက်ရှိသော မုန်တိုင်းငယ်သည် ရခိုင်ပြည်နယ် မြောက် ပိုင်း ကမ်းရိုးတန်း/ကမ်းလွန်ဒေသများသို့ မေ၂၈ ရက်မှ ၃၁ ရက်အတွင်း ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေ ၂၈ ရက် နံနက် ၁ဝနာရီအချိန် တိုင်းတာချက်များအရ သိရသည်။
မောင်တောမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ လည်း ဖြစ်ပေါ်နေသည့် မုန်တိုင်းသတင်းနှင့်ပတ်သက်ပြီး ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်နှင့် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်နိုင်ရန် မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ မိုဘိုင်း ဖုန်းViberမှတစ်ဆင့် အသိပေးအကြောင်းကြားထား ကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းကလည်း မောင်တော မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ ၌ မြို့ပေါ်ရှိ ဌာနဆိုင်ရာများပါဝင်သည့် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကြီးကြပ်မှု ကော်မတီကလည်း မုန်တိုင်းအန္တရာယ်နှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်နိုင်ရန် အစည်းအဝေး ကျင်းပခဲ့သည်။
သတင်း-မင်းသစ်(MNA)
ဓာတ်ပုံ-ရဲထွဋ်
ဓာတ်ပုံ-ရဲထွဋ်
No comments:
Post a Comment