မြန်မာ့အလင်းအယ်ဒီတာအာဘော်
၂ဝဝ၈ ခုနှစ် မတ်လ ၂ ရက်။ လွန်ခဲ့သည့် ကိုးနှစ်တိတိကာလက မြန်မာနိုင်ငံ
၏သမိုင်းတစ်လျှောက်တွင် အဆိုးရွားဆုံး ထိခိုက်ခံစားရသည့် သဘာဝဘေး
အန္တရာယ်ကြီးအဖြစ် မှတ်တမ်းဝင်ခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြီး ကို
မြစ်ဝကျွန်းပေါ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ကြုံတွေ့ ခဲ့ကြရသည်။
နာဂစ်ဆိုင်ကလုန်းမုန်တိုင်း၏ ဒဏ်ကို လူပေါင်း ၂ ဒသမ ၃ သန်းကျော်တို့ ခံစားခဲ့ကြရပြီး လူ ၇၇၇၃၈ ဦး သေဆုံးကာ လူ ၅၅၉၁၇ ဦးပျောက်ဆုံးခဲ့သည်။ ပျောက်ဆုံးသူများကို သေဆုံးစာရင်းတွင် ထည့်မည်ဆိုပါက လူပေါင်း ၁၃၃၆၅၅ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။ အိုးအိမ်အဆောက်အအုံပေါင်း ရှစ်သိန်းကျော် ပျက်စီးခဲ့ပြီး အရပ်ရပ်ပျက်စီးဆုံးရှုံးမှုတန်ဖိုး စုစုပေါင်းမှာ ကျပ်ငွေ ၁၁ ဒသမ ၇ ထရီလီယံအထိရှိခဲ့ကြောင်း မှတ်တမ်းများက ပြဆို သည်။
နာဂစ်ဆိုင်ကလုန်းမုန်တိုင်း၏ ဒဏ်ကို လူပေါင်း ၂ ဒသမ ၃ သန်းကျော်တို့ ခံစားခဲ့ကြရပြီး လူ ၇၇၇၃၈ ဦး သေဆုံးကာ လူ ၅၅၉၁၇ ဦးပျောက်ဆုံးခဲ့သည်။ ပျောက်ဆုံးသူများကို သေဆုံးစာရင်းတွင် ထည့်မည်ဆိုပါက လူပေါင်း ၁၃၃၆၅၅ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။ အိုးအိမ်အဆောက်အအုံပေါင်း ရှစ်သိန်းကျော် ပျက်စီးခဲ့ပြီး အရပ်ရပ်ပျက်စီးဆုံးရှုံးမှုတန်ဖိုး စုစုပေါင်းမှာ ကျပ်ငွေ ၁၁ ဒသမ ၇ ထရီလီယံအထိရှိခဲ့ကြောင်း မှတ်တမ်းများက ပြဆို သည်။
ကမ္ဘာပေါ်တွင်
အပျက်အစီး အသေအပျောက်အများဆုံး သဘာဝ ဘေးအန္တရာယ်များမှတ်တမ်းတွင်
အဆင့်(၈) စာရင်းဝင်ခဲ့သည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းက ဒေသတွင်းရှိ
လူတို့၏အသက်အိုးအိမ်စည်းစိမ် များ၊ အဆောက်အအုံများကို
ဖျက်ဆီးပစ်ခဲ့ရုံသာမက ကျန်ရစ်သူတို့၏ စိတ်ဓာတ်ရေးရာများ၊
လူမှုစီးပွားဘဝများကိုပါ ချည့်နဲ့ယိမ်းယိုင်သွားစေခဲ့သည်။ ဒေသ၏အဓိက
စီးပွားရေးလုပ်ငန်းများဖြစ်သည့် လယ်ယာလုပ်ငန်း၊ ရေလုပ်ငန်း၊
ဆားလုပ်ငန်းစသည်တို့မှာ မူလအခြေအနေကို ပြန်လည် မရောက်ရှိနိုင်တော့ဘဲ
ဒေသခံများမှာလည်း နေရပ်ကိုစွန့်ခွာကာ ရန်ကုန် ကဲ့သို့သော မြို့ကြီးများသို့
သွားရောက်၍ ပရိယေသန ဝမ်းစာရှာဖွေ အသက် မွေးကြရပြီး အများစုမှာ
ကျူးကျော်အိမ်ရာများတွင် နေထိုင်သူများ အဖြစ် မြို့ပြ၏
ဝန်ထုပ်ဝန်ပိုးများဘဝကို ရောက်ကြရသည်။
နာဂစ်မုန်တိုင်းကို
ရင်ဆိုင်ကြုံတွေ့ ခဲ့ရခြင်းကြောင့် သဘာဝဘေး အန္တရာယ်နှင့်ပတ်သက်၍
ပြည်သူများအတွင်း အမြင်များပြောင်းလဲလာ ခဲ့ကာ ယခင်ကထက်ပို၍
နိုးနိုးကြားကြားရှိလာခဲ့ခြင်းကမူ ကောင်းသော ရလဒ်များဟု ဆိုရမည်ဖြစ် သည်။
သဘာဝဘေးအန္တရာယ်ဖြစ်ပွားရာဒေသများသို့ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးတို့
ဆောင်ရွက်ရေး အတွက် ပရဟိတအဖွဲ့အစည်းများပေါ်ပေါက်လာခဲ့ပြီး ပရဟိတစိတ်ဓာတ်
များလည်း ပိုမို ထွန်းကားလာ ခဲ့သည်။ နာဂစ်ကပေးသောသင်ခန်းစာကြောင့်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲဖောက်ပြန်မှု
ဟန့်တားရေးတို့တွင် ပိုမိုလေးနက်စွာ သတိမူလာကြပြီး ပူးပေါင်းပါဝင်
ဆောင်ရွက်မှုများလည်း ရှိလာကြသည်။
ကမ္ဘာတစ်ဝန်းလုံးတွင် ၂၁
ရာစုနှစ်အစပိုင်းက စတင်၍ ရာသီဥတု ပြောင်းလဲမှုများ
သိသာထင်ရှားစွာဖြစ်ပေါ်လာခဲ့သည်ဟု ပညာရှင်များက ဆိုသည်။
ရာသီဥတုပြောင်းလဲမှု၏အကျိုးဆက်ကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံ အသီးသီးတို့က
ခံစားကြရပြီး အများအားဖြင့် ဆိုးကျိုးခံစားကြရသည့်
နိုင်ငံကများသည်ဟုလည်းဆိုသည်။ ရာသီဥတုဖြစ်စဉ်များမှာ ပိုမိုခက်ထန်
ကြမ်းတမ်းလာပြီး သဘာဝဘေးအန္တရာယ်များသည်လည်း ယခင်ထက် ပိုမို၍ပြင်းထန်လာကာ
အကြိမ်ရေလည်း ပိုများလာပြီဖြစ်သည် ဟုဆိုသည်။ သဘာဝဘေးအန္တရာယ်ဟုဆိုရာတွင်
လတ်တလောသဘာဝဘေးအန္တရာယ် များအပြင် နောက်ဆက်တွဲ လူမှုဘေး ဒုက္ခများကိုပါ
ထည့်သွင်းတွက်ချက် ထားရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်
ထိခိုက်ခံစားရမည့်အခြေအနေမြင့်မားသောနိုင်ငံများတွင် ပါဝင်နေသည့်အလျောက်
နှစ်စဉ်ပုံမှန် ဖြစ်ပေါ်လာနေသည့် သဘာဝဘေးအန္တရာယ်များအတွက် ရင်ဆိုင်ကျော်လွှား
ရန် အဆင်သင့်ရှိနေရတော့မည်ဖြစ်သည်။ အထူးသဖြင့် မြစ်ဝကျွန်းပေါ်
ဒေသကဲ့သို့ ရေမြေအနေအထားတွင် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာ ပါက
ထိခိုက်ခံစားရမှုအနည်းဆုံးဖြစ်အောင် ကြိုတင်စီမံဆောင်ရွက်ရေး၊ ဆောင်ရွက်ပြီး
အစီအမံများ ပြည့်စုံလုံလောက်မှု ရှိ၊ မရှိပြန်လည်ဆန်းစစ် သုံးသပ်ရေး၊
နာဂစ်မုန်တိုင်းလွန်ကာလ အနာဂတ်မှာကြုံတွေ့ကြရမည့် သဘာဝဘေးအန္တရာယ်များကို
ရင်ဆိုင်နိုင်ရန်ဆောင်ရွက်ခဲ့သည့် အခြေခံ အဆောက်အအုံလုပ်ငန်းများ၏
အရည်အသွေး၊ ကြံ့ခိုင်မှုနှင့် မူလအစီအမံ အတိုင်း
ပြီးမြောက်မှုတို့အပေါ်ပြန်လည်စစ်ဆေးပြီး ဒေသ၏ အမှန်တကယ် လိုအပ်ချက်များကို
ဆက်လက်ဖြည့်ဆည်းနိုင်ပါစေဟူ၍ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့သည့်
(၉)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် တိုက်တွန်းအပ် ပါကြောင်း။ ။
No comments:
Post a Comment