Tuesday, May 30, 2017

သဘာဝဘေးလျော့ပါရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းဖွင့်

Image may contain: 1 person, sitting, table and indoor
ဘုတ်ပြင်း မေ ၂၉
တနင်္သာရီတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနက ကြီးမှူး၍ သဘာဝဘေးလျော့ပါရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်း (၅/၂ဝ၁၇)ကို ယနေ့ နံနက် ပိုင်းက မြို့နယ်သပြေခန်းမ၌ စတင်ပို့ချလျက်ရှိ ကြောင်း သိရသည်။
သဘာဝဘေးများ၊ ထူးခြားဖြစ်စဉ်များ ကြိုတင် သတိပေးစနစ်ကို ခြုံငုံလေ့လာခြင်း၊ အဖွဲ့အလိုက် ပူးပေါင်းဆောင်ရွက်ခြင်း၊ ရပ်ရွာအခြေပြုစီမံခန့်ခွဲမှု၊ မီးဘေးအန္တရာယ်၊ ဘေးအန္တရာယ်တုံ့ပြန်မှုနှင့် ပြန်လည်ကောင်းမွန်လာခြင်းနှင့် ပြန်လည်တည် ဆောက်ခြင်း၊ ရှေးဦးပြုစုခြင်း စသည့် ဘာသာရပ် များကို တနင်္သာရီတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဦးစီးဌာန၊ မြို့နယ် ကျန်းမာရေးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်းကာ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းတွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့် စာရေးများ၊ ရပ်ရွာဖွံ့ဖြိုးရေး ဆောင်ရွက်နေသည့် လူငယ်များ စုစုပေါင်း ၃ဝ တက်ရောက်ကြပြီး သင်တန်းကာလမှာ မေ ၂၉ ရက်မှ ၃၁ ရက်အထိ သုံးရက် ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသားများအတွက် သင်ထောက်ကူပစ္စည်း များကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment