Monday, May 1, 2017

ဘုန်းမောက်အား တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်မှုကြောင့်ပရီမီယာလိဂ်တွင် ၁ဝ နှစ်ကြာဖြတ်သန်းမှု ဆန်းဒါးလန်းရပ်တန့်ခဲ့ရ

Image may contain: 1 person
ဆန်းဒါးလန်းအသင်းသည် ပရီမီယာလိဂ်အမှတ်ပေးပြိုင်ပွဲတွင် ၁ဝ နှစ်ကြာဖြတ်သန်းလာခဲ့ရာ ဘုန်းမောက်အသင်းနှင့် ပွဲစဉ်တွင် တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ရခြင်းကြောင့် ဆန်းဒါးလန်းအသင်းအတွက် ၁ဝ နှစ်ကြာပရီမီယာလိဂ်ဖြတ်သန်းမှုကို အဆုံးသတ်ခဲ့ရပြီဖြစ်သည်။
ဟားစီးတီးအသင်းနှင့် ဆောက်သမ်တန်အသင်းတို့ပွဲစဉ်တွင် ဂိုးမရှိသရေထွက်ပေါ်ခဲ့ခြင်းကြောင့် ဆန်းဒါးလန်း အသင်းမှာ ဟားစီးတီးအသင်းနှင့် ၁၃ မှတ်ပြတ်ကာ တန်းဆင်းဇုန်၏ အောက်ဆုံးတွင် ရောက်ရှိခဲ့ရပြီး ကစားရန် လေးပွဲ အလိုတွင် ပရီမီယာလိဂ်မှ ချန်ပီယံရှစ်သို့ တန်းဆင်းသွားခဲ့ရပြီဖြစ်သည်။
ဆန်းဒါးလန်းအသင်းနှင့် ဘုန်းမောက်အသင်းတို့၏ ပွဲစဉ်တွင် တစ်ဖက်နှင့်တစ်ဖက်အကြိတ်အနယ်ရှိခဲ့ သော်လည်း ပွဲကစားချိန် ၈၈ မိနစ်အရောက်တွင် ဂျိုရှုဝါကင်းက တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ကာ ဘုန်းမောက် အသင်း အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ဆန်းဒါးလန်းအသင်းသည် ၂ဝဝ၇ ခုနှစ်က ပရီမီယာလိဂ်ကို နောက်ဆုံးတန်းတက်ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး ပရီမီယာ လိဂ်တွင် ၁ဝ နှစ်ကြာဖြတ်သန်းခဲ့ရာတွင် ၁၃၉ ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့ပေ။ ယခုနှစ်တွင်မူ နောက်ဆုံး ကစားခဲ့ သည့် ပရီမီယာလိဂ် ၁၃ ပွဲတွင် ၁၁ ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေ။ ထို့ကြောင့် ပရီမီယာလိဂ်ပွဲစဉ်တွင် ၃၄ ပွဲ ယှဉ်ပြိုင်ကစား အပြီးတွင် ရမှတ် ၂၁ မှတ်သာရရှိခဲ့ပြီး တန်းဆင်းဇုန်အတွင်းကျရောက်ခဲ့ခြင်းကြောင့် ပရီမီယာလိဂ်ကို နှုတ်ဆက်သွားခဲ့ရ ပြီဖြစ်သည်။
(ငွေကြယ်)

No comments:

Post a Comment