မိုးမြင့်လင်းလက်
ယူရိုပါလိဂ် အကြိုဗိုလ်လုပွဲ ပထမအကျော့ပွဲစဉ်တွေကို မေ ၃ ရက်နဲ့ ၎
ရက်တွေမှာ ကစားဖို့ ရှိနေပါတယ်။ ခြေစွမ်းပိုင်း
ကွာဟမှုမရှိတဲ့အသင်းတွေဖြစ်ပြီး အသင်းလေး သင်းစလုံး ယူရိုပါလိဂ်ဖလားအတွက်
အားခဲထားတာဖြစ်နေလို့ ပြိုင်ပွဲက ပိုပြီးပြိုင်ဆိုင် ပါလိမ့်မယ်။ ပထမအကျော့
ပွဲစဉ်ကတည်းက သေချာတဲ့ရလဒ်ကောင်းတစ်ခုကို ပိုင် ဆိုင်ရယူရေးအတွက်
အကောင်းဆုံးကစားသမားတွေနဲ့အတူ ပွဲထွက်လာကြမယ့် ဒီလေးသင်းဟာ
အကြိုဗိုလ်လုပွဲ ပထမအကျော့မှာ တက်ကုန်ရွက်ကုန်ဖွင့်ကာ အပြိုင် နွှဲကြတော့မှာ
ဖြစ်ပါတယ်။
အိုင်းယက်နှင့် လိုင်ယွန်
အိမ်ကွင်းမှာဆိုရင် ပြိုင်ဘက်မရွေး အနိုင်ကစားတတ်တဲ့ အိုင်းယက်ဟာ အခုပွဲမှာ လိုင်ယွန်ကို အကောင်းဆုံးစုဖွဲ့မှု ပုံစံနဲ့ ကောင်းကောင်းဧည့်ခံပါလိမ့်မယ်။ အိုင်းယက်မှာ ဆင်ဂရာဗန်က ဒဏ်ရာရရှိနေပြီး ဂီဗာနဲ့ စက်မန်းတို့ပွဲပယ်ပြစ်ဒဏ် ကြုံတွေ့နေရပေ မယ့် ဒီနှစ် ယူရိုပါလိဂ်မှာ အိမ်ကွင်း ၁၂ ပွဲ ကစားခဲ့ရာမှာ တစ်ပွဲမှ မရှုံးခဲ့ပါဘူး။ ယူရို ပါလိဂ်အိမ်ကွင်း ခြောက်ပွဲဆက်နိုင်ပွဲရခဲ့တဲ့အပြင် အဲဒီခြောက်ပွဲမှာ တစ်ဂိုးသာပေးခဲ့ ရတဲ့ အိုင်းယက်ရဲ့ ခံစစ်ကြောင်းကလည်း အံ့အားသင့်စရာကောင်းမွန်နေပါတယ်။ အိုင်းယက်တိုက်စစ်မှူးတွေဟာ ထိုးဖောက်မှုအားကောင်းပေမယ့် အဆုံးသတ်ဂိုးသွင်း နိုင်မှုကတော့ အားရစရာမရှိပါဘူး။ ဒါပေမယ့် ပွဲတိုင်းဂိုးရအောင် သွင်းယူနိုင်ပြီး ခံစစ်ကို လုံအောင်အခြေတည်ပြီးမှ ဂိုးရရှိရေးကြိုးစားတာမို့ လိုင်ယွန်တို့အတွက် အခက်အခဲ ကြုံတွေ့ရနိုင်ပါတယ်။ လိုင်ယွန်တို့က တိုက်စစ်မှူးတွေရဲ့ ကြိုးစား အားထုတ်မှုကောင်းပြီး အခက်အခဲတွေကြားက ဂိုးရအောင်သွင်းနိုင်ကြသူတွေဖြစ် ပါတယ်။ ဒါပေမယ့် ဒီနှစ်ဘောလုံးရာသီမှာတော့ ဥရောပပွဲတွေရဲ့ အဝေးကွင်း ခြောက်ပွဲမှာ အနိမ့်ဆုံး တစ်ဂိုးရအောင်တော့ သွင်းယူနိုင်ခဲ့တဲ့ လိုင်ယွန်တိုက်စစ်မှူး တွေရဲ့ စွမ်းရည်က လျှော့တွက်လို့မရပါဘူး။ လိုင်ယွန်ရဲ့ ကစားသမားတွေဖြစ်တဲ့ ဖီကီရာ၊ လာကာဇက်တီ၊ မန် မာနာ၊ ဂီဇယ်တို့ ဒဏ်ရာတွေရရှိနေတာမို့ ဒီပွဲမှာ ပါဝင်ဖို့ မလွယ်ပါဘူး။ အိုင်းယက်နဲ့ လိုင်ယွန်တို့ ချန်ပီယံလိဂ်မှာ လေးကြိမ်ဆုံခဲ့တဲ့ရလဒ်ကို ကြည့်ရင်တော့ အိုင်းယက်တို့ ရှုံးပွဲမရှိခဲ့ဘဲ နှစ်ပွဲနိုင်၊ နှစ်ပွဲသရေဖြစ်ခဲ့ပါတယ်။ လောလောဆယ်ခြေစွမ်းအရ အိုင်းယက်ဟာ အိမ်ကွင်းဖြစ်ပြီး ခံစစ်ပိုင်းလည်း ကျစ်လျစ်နေတာမို့ နိုင်ပွဲရနိုင်ပေမယ့် ဂိုးတော့ ပေးရပါလိမ့်မယ်။

ဆဲလ်တာဗီဂိုနှင့် မန်ယူ
ယူရိုပါလိဂ် အကြိုဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်ရောက်လာတဲ့ ဆဲလ်တာဗီဂို အသင်းဟာ အိမ်ကွင်းမှာ ကစားအားကောင်းတဲ့ အသင်းဖြစ်လို့ မန်ယူအတွက် ပွဲကျပ် အဖြစ် ရင်ဆိုင်ရဖို့ရှိနေပါတယ်။ ဒီနှစ် ယူရိုပါလိဂ်မှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ဆဲလ်တာဗီဂိုတို့က ယူရိုပါလိဂ်နောက်ဆုံး ငါးပွဲမှာ ရှုံးပွဲမရှိခဲ့သလို တစ်ပွဲသာ သရေပွဲ ဖြစ်ခဲ့တာပါ။ လောလောဆယ်အနေအထားအရ ဆဲလ်တာဗီဂိုမှာ ရော့စီ၊ ပလာနက်စ်၊ ဘလန်ကိုတို့ ဒဏ်ရာတွေရရှိနေပါတယ်။ ဆဲလ်တာဗီဂိုဟာ အိမ်ကွင်းရလဒ်ကောင်း ပေမယ့် ဂိုးပေးရလေ့ရှိတာမို့ ဒီပွဲမှာ မန်ယူတိုက်စစ်မှူးတွေ ဂိုးသွင်းယူနိုင်မလားကြည့် ရမှာ ဖြစ်ပါတယ်။ မန်ယူတို့ကတော့ အခုတလောပြိုင်ပွဲစုံမှာ ပွဲကျပ်တွေကစားနေရတာ မို့ အဓိကကစားသမားအများစု ဒဏ်ရာရသူတွေများနေပါတယ်။ မန်ယူမှာ စမောလင်း၊ မာတာ၊ ရိုဂျိုး၊ မိုဗစ်၊ ဖီးဂျုန်းတို့ ပါဝင်ဖို့ မသေချာတာကြောင့် မန်ယူအတွက်တော့ ရင်ပူစရာကောင်းနေတာ အမှန်ပါပဲ။ ဒါ့အပြင် မန်ယူက စပိန်ကလပ်တွေနဲ့ အဝေးကွင်း ၂၂ ပွဲ ကစားခဲ့ဖူးရာမှာ နှစ်ပွဲသာ နိုင်ခဲ့တာမို့ အခုပွဲကလည်း အဲဒီအခြေအနေအတိုင်းဖြစ် ပေါ်နိုင်မလားဆိုတာကလည်း နည်းပြမော်ရင်ဟိုအပေါ် မူတည်နေပါတယ်။ အဓိက ကစားသမားအများစု ဒဏ်ရာအနာတရဖြစ်နေချိန်မှာ ပွဲထွက်ကစားရွေးချယ်မှုနဲ့ ဗျူဟာခင်းကျင်းမှုတွေက အရေးပါလာတာမို့ အခုပွဲမှာ မော်ရင်ဟိုရဲ့ နည်းပြကောင်း အရည်အချင်းတွေ ထုတ်ဖော်ရမယ့် အချိန်ပါပဲ။ မန်ယူဟာ ဆဲလ်တာဗီဂိုကွင်းမှာ အနိုင် ရဖို့ ခက်ခဲပေမယ့် ဂိုးရအောင် သွင်းယူနိုင်ဖို့က လူငယ်တိုက်စစ်မှူးတွေအပေါ် မူတည် နေပြီ ဖြစ်ပါတယ်။ နှစ်သင်းစလုံး အမှားအယွင်းနည်းအောင် ကြိုးစားမှာဖြစ်လို့ အပြန် အလှန် သွင်းဂိုးအနည်းနဲ့ သရေပွဲလည်း ဖြစ်သွားနိုင်ပါတယ်။ ။

No comments:
Post a Comment