
ကောင်းမြတ်သူ-စုစည်းသည်။
ကမ္ဘာ့ ဟဲဗီးဝိတ် လက်ဝှေ့လောကမှာ နှစ် ပေါင်းများစွာ ချန်ပီယံဖြစ်ခဲ့တဲ့
ယူကရိန်း လက်ဝှေ့သမား ကလစ်ခ်ျကိုအား ဗြိတိန် သား အန်ထော်နီ ဂျိုရှုအာက
(၁၁)ချီနဲ့ အလဲထိုးပြီး ဟဲဗီးဝိတ်ချန်ပီယံ ခါးပတ် သုံးခုစလုံးကို
ရယူသွားခဲ့ပါတယ်။ ဝင် ဘလေကွင်းမှာ ကျင်းပတဲ့ ဒီပြိုင်ပွဲမှာ
ပရိသတ်အများဆုံး လာရောက်ကြည့်ရှု ခဲ့ပြီး စုစုပေါင်း ပရိသတ် ၉ဝဝဝဝ အထိ
ရှိခဲ့ပါတယ်။ စစ်ပြီးခေတ်ကာလမှာ ပရိ သတ် စံချိန်တင်ခဲ့တယ်လို့ ဆိုပါတယ်။
ဂျိုရှုအာဟာ အလဲထိုးနဲ့ အနိုင်ရခဲ့ပေမယ့် ဆဋ္ဌမအချီမှာတော့ ကလစ်ခ်ျကိုရဲ့ လက်
သီးချက်ထိပြီး လဲကျခဲ့ပါတယ်။ ဒါဟာ ဂျိုရှုအာရဲ့ လက်ဝှေ့ကစားသမား ၁၉ နှစ်
တာကာလအတွင်းမှာ ပထမဆုံးလဲကျ ခဲ့ခြင်းလို့ ဆိုပါတယ်။ ကလစ်ခ်ျကိုအား
အလဲထိုးနဲ့ အနိုင်ယူခဲ့တဲ့ ဂျိုရှုအာဟာ IBF,
WBAဟဲဗီးဝိတ်ချန်ပီယံခါးပတ်သုံးခုစလုံးကို ရယူသွားခဲ့ပါ တယ်။ ဂျိုရှုအာဟာ
ဒီပွဲမှာ အနိုင်ရသွား တဲ့အတွက် ဆုကြေးငွေ ပေါင် ၁၅ သန်း ရရှိခဲ့ပြီး မကြာမီ
ဗြိတိန်နိုင်ငံရဲ့ အချမ်း သာဆုံး အားကစားသမားဖြစ်လာဖို့ ရှိနေပါတယ်။
No comments:
Post a Comment