Tuesday, May 30, 2017

မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး သံတွဲမြို့နယ်အတွင်း လှည့်လည်ကြေညာ

Image may contain: 1 person, sky, ocean, outdoor, nature and water
သံတွဲ မေ ၂၉
သံတွဲမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီသည် ယနေ့မွန်းလွဲပိုင်းက မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မုန်တိုင်းသတိပေးချက်များကို ပြည်သူများသိရှိပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အတွင်း လှည့်လည်ကြေညာလျက်ရှိကြောင်း သိရသည်။
အဆိုပါမိုရာမုန်တိုင်းငယ်၏အခြေအနေမှာ ယနေ့နံနက် ၉ နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသည့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်တစ်ခုအဖြစ်သို့ ရောက်ရှိခဲ့ပြီး မုန်တိုင်းငယ်၏လက်ရှိအခြေအနေ မှာ ရခိုင်ကမ်းရိုးတန်းအနီးမှ ရွေ့လျားမည့်အခြေအနေရှိသဖြင့် လိမ္မော်ရောင် အဆင့်ဟု သတ်မှတ်ထားရှိသည်။ ကမ်းနီးကမ်းဝေးသွား ငါးဖမ်းရေယာဉ်များ၊ ခရီးသွားရေယာဉ်များ ပင်လယ်ပြင်သို့ မထွက်ကြရန်နှင့် ရပ်ကွက်/ကျေးရွာနှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီးရေလျှံ ခြင်း၊မြေပြိုခြင်းများဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုကြပါရန် နှိုးဆော်ချက် များ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ မုန်တိုင်အန္တရာယ်ကျရောက်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် သံတွဲမြို့နယ် မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့များက အသင့်အနေအထားဖြင့် ကြိုတင်ပြဆင်မှုများ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
(ခရိုင်ပြန်/ဆက်)

No comments:

Post a Comment