Monday, May 1, 2017

ကျေးလက်ဒေသဖွံ့ဖြိုးမှုကိုအထောက်အကူပြုမည့်မြန်မာနိုင်ငံသားများဘဏ် စစ်တွေဘဏ်(ခွဲ) ယနေ့ ဖွင့်လှစ်

Image may contain: 4 people, people standing
စစ်တွေ ဧပြီ ၃ဝ
ကျေးလက်ဒေသနေ ပြည်သူများ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု ချိတ်ဆက်ပေးနေ သော စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ရှယ်ယာ အများဆုံးပါဝင်သည့် မြန်မာနိုင်ငံသား များဘဏ် စစ်တွေဘဏ်(ခွဲ)ကို ယနေ့ နံနက် ၈ နာရီတွင် စစ်တွေမြို့ မော်လိပ်ရပ်ကွက် ကုန်သည်လမ်း၌ ဖွင့်လှစ်ခဲ့သည်။
''ကျွန်တော်တို့ မြန်မာနိုင်ငံသားများ ဘဏ်အနေနဲ့ ပြည်နယ်၊ တိုင်းဒေသကြီး တွေမှာ ဘဏ်ခွဲတွေဖွင့်ဖို့ နဂိုကတည်း က ရည်ရွယ်ချက်ရှိပါတယ်။ အခု စစ်တွေမှာတော့ လယ်ယာသုံးစက် ပစ္စည်းတွေ တင်ပို့ရောင်းချနေတဲ့ ဂတ်(စ်)ဘရားသားနဲ့ ချိတ်ဆက်ပြီး အဓိက လယ်ယာသုံးပစ္စည်းတွေကို ကျေးလက်ဒေသဖွံ့ဖြိုးဖို့အတွက် တောင်သူတွေကို အရစ်ကျစနစ်နဲ့ ရောင်းချပေးနိုင်အောင် ကျွန်တော်တို့ ဘဏ်အနေနဲ့ ချိတ်ဆက်ဆောင်ရွက် ပေးသွားမှာပါ။ ဒါ့အပြင် ကျေးလက်နေ တောင်သူတွေ ငွေလည်ပတ်နိုင်ဖို့ အတွက် ပိုင်ဆိုင်တဲ့မြေ၊ အဆောက် အအုံတွေကိုလည်း အာမခံပေးပြီး လုပ်ငန်းလည်ပတ်နိုင်အောင် ချေးငွေ တွေကို အရစ်ကျပုံစံအမျိုးမျိုးနဲ့ ထုတ်ပေးနေပါတယ်''ဟု မြန်မာနိုင်ငံ သားများဘဏ် အုပ်ချုပ်မှုဒါရိုက်တာ ဦးနေဝင်းက ပြောသည်။
ယခုဖွင့်လှစ်သော မြန်မာနိုင်ငံသား များဘဏ် စစ်တွေဘဏ်(ခွဲ)သည် (၂၂) ခုမြောက်ဘဏ်ခွဲဖြစ်ပြီး မြန်မာ နိုင်ငံသားများဘဏ်အချင်းချင်း ငွေလွှဲ၊ ငွေထုတ်လုပ်ငန်းများကို နိုင်ငံတစ်ဝန်း မြို့နယ်အသီးသီးရှိ ဘဏ်ခွဲပေါင်း ၃ဝဝ ကျော်နှင့် ချိတ်ဆက်နိုင်သည့် အပြင် အပ်ငွေလုပ်ငန်းများ ဖြစ်သည့် ငွေစု ဘဏ်အပ်ငွေ၊ အချိန်ပိုင်း (စာရင်း သေ)အပ်ငွေ၊ စာရင်းရှင်အပ်ငွေ၊ ချေးငွေလုပ်ငန်းအနေဖြင့်ူသညေ။Loan/ O-D၊ အငှားဝယ်စနစ်ချေးငွေ စသည့် ဘဏ်လုပ်ငန်းဆောင်တာများအပြင် အခြားဝန်ဆောင်မှုအနေဖြင့် သွင်းကုန်၊ ထုတ်ကုန်လိုင်စင်ကြေး ပေးသွင်းမှု လုပ်ငန်းများကိုလည်း လုပ်ဆောင် ပေးသည်။ မြန်မာနိုင်ငံသားများ ဘဏ်သည် အခြားဘဏ်များဖြစ် သည့် ဧရာဝတီဘဏ်ခွဲများ၊ CB ဘဏ်ခွဲများ၊ မြဝတီဘဏ်ခွဲများ၊SMIDBဘဏ်ခွဲများ၊MOB၊ AYB၊ CHD နှင့်RDBဘဏ်ခွဲများရှိရာ မြို့များသို့လည်း ငွေလွှဲလုပ်ငန်းများကို အချိန်တိုအတွင်း ဆောင်ရွက်နိုင်မည် ဖြစ်သည်။
မြန်မာနိုင်ငံသားများဘဏ် စစ်တွေ ဘဏ်(ခွဲ)ဖွင့်ပွဲ အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်ပြီး မင်္ဂလာဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ရခိုင် ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်း နှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်/ မြန်မာနိုင်ငံသားများဘဏ်လီမိတက် ဥက္ကဋ္ဌ ဦးတိုးအောင်မြင့်၊ ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်း၊ မြန်မာနိုင်ငံသားများ ဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့ဝင် ဦးလှဦးနှင့် ဦးဇေယျသူရမွန် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
သတင်း-မောင်စိန်လွင်(မြန်မာ့အလင်း)
ဓာတ်ပုံ-မောင်မောင်သန့်(ကြေးမုံ)

No comments:

Post a Comment