Monday, May 1, 2017

ဘိုင်ယန်မြူးနစ်အသင်း ဘွန်ဒက်လီဂါဖလား ငါးနှစ်ဆက်တိုက်ဆွတ်ခူး

Image may contain: 8 people
နည်းပြအန်စလော့တီ၏ ဘိုင်ယန်မြူးနစ်အသင်းသည် ဝုလ်ဖ်ဘတ်အသင်း အား ခြောက်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယားဒုတိယနေရာ မှ လိဇစ်အသင်းကို ၁ဝ မှတ်အထိဖြတ်ကာ ဘွန်ဒက်လီဂါဖလားကို ငါးနှစ်ဆက် တိုက်ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။
ဝုလ်ဖ်ဘတ်အသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့၏ ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်အသင်းသည် ပွဲကစားချိန် ၁၉ မိနစ်တွင် ဒေးဗစ်အလာဘာ၏ သွင်းဂိုးဖြင့် ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး လီဝန်ဒိုစကီး(၃၆ မိနစ် ၄၅ မိနစ်)၊ ရော်ဘင်(၆၆ မိနစ်)၊ မူလာ(မိနစ် ၈ဝ)နှင့် ကင်မ်မစ်(၈၅ မိနစ်)တို့က ဘိုင်ယန် မြူးနစ်အသင်းအတွက် ခြောက်ဂိုးအထိ သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
ဘိုင်ယန်မြူးနစ်အသင်းနည်းပြ အန်စလော့တီသည် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်တွင် ရီးယဲလ်မက်ဒရစ်အသင်းအား ရှုံးနိမ့်ခဲ့ရခြင်း ကြောင့် ၎င်း၏ဘိုင်ယန်မြူးနစ်အနာဂတ်အတွက် မေးခွန်းထုတ်ခြင်းခံခဲ့ရသူဖြစ်သည်။ သို့ရာတွင် လက်ရှိအချိန်တွင် ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့် ဘွန်ဒက်လီဂါဖလားကို ဆွတ်ခူးထားနိုင်ခဲ့ခြင်းကြောင့် လာမည့်ဘောလုံး ရာသီအတွက် အကောင်းဆုံးပြင်ဆင်ချိန်ရခဲ့ပြီဖြစ်ကြာင်း နည်းပြ အန်စလော့တီက ဆိုသည်။
ဝုလ်ဖ်ဘတ်အသင်းသည် ၂ဝ၁၄-၂ဝ၁၅ ဘောလုံးရာသီက ဘွန်ဒက်လီဂါအမှတ်ပေးဇယားတွင် ဒုတိယနေရာဖြင့် ရာသီကုန်ဆုံးခဲ့ခြင်း ကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ကာ ကွာတားဖိုင်နယ်အဆင့်အထိ တက်လှမ်းနိုင်ခဲ့သည်။ သို့ရာတွင် ဝုလ်ဖ်ဘတ်အသင်းအတွက် အားထားရ သည့် တိုက်စစ်မှူး ဒီဘရိုင်းမှာ မန်စီးတီးအသင်းသို့ ပေါင် ၅၅ သန်းဖြင့် ပြောင်းရွှေ့သွားခဲ့ခြင်းကြောင့် ဝုလ်ဖ်ဘတ်အသင်း၏ ခြေစွမ်းပိုင်းမှာ လုံးဝကျဆင်းသွားခဲ့ရပြီး လက်ရှိတွင်လည်း တန်းဆင်းဇုန်အထက်တစ်မှတ် အကွာဖြင့် ရပ်တည်လျက်ရှိသည်။
(ငွေကြယ်)

No comments:

Post a Comment