Monday, May 1, 2017

ဘာစီလိုနာအသင်း လာလီဂါအမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့

Image may contain: 1 person, playing a sport, text and outdoor
ဘာစီလိုနာအသင်းသည် စပိန် လာလီဂါပွဲစဉ်(၃၅)အဖြစ် အက်စ် ပန်ညိုအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ဘာစီလိုနာအသင်းက သုံးဂိုးပြတ် အနိုင်ရရှိခဲ့ခြင်းကြောင့် လာလီဂါ အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နိုင်ခဲ့ပြီဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ဗလင်စီယာအသင်းနှင့် ကစားခဲ့ရာ တွင် အနိုင်သုံးမှတ်အပြည့်ရရှိခဲ့ခြင်း ကြောင့် လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သော်လည်း ဘာစီ လိုနာအသင်းက အက်စ်ပန်ညို အသင်းကို အနိုင်ရရှိကာ လာလီဂါ အမှတ်ပေးဇယားက ပြန်လည် ဦးဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါပွဲစဉ်တွင် ဘာစီလိုနာ အသင်းသည် ဆွာရတ်ဇ်၏ သွင်းဂိုး နှစ်ဂိုးနှင့် ရာကီတစ်၏ သွင်းဂိုးတစ်ဂိုး တို့ ရရှိခဲ့ခြင်းကြောင့် အက်စ်ပန်ညို အသင်းကို သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိ ခဲ့ခြင်းဖြစ်သည်။ ဘာစီလိုနာအသင်း သည် လက်ရှိတွင် ရီးယဲလ်မက်ဒရစ် အသင်းနှင့် ရမှတ်အားဖြင့်တူညီနေ သော်လည်း ထိပ်တိုက်တွေ့ဆုံမှုအရ ဘာစီလိုနာက အမှတ်ပေးဇယား ထိပ်သို့ ရောက်ရှိနေခဲ့ခြင်းဖြစ် သည်။
ထို့ပြင် နည်းပြဟင်းနရစ်၏ ဘာစီလိုနာအသင်းသည် ဂိုးကွာခြား ချက်ကြောင့်လည်း လာလီဂါအမှတ် ပေးဇယားကို ဦးဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ရီးယဲလ်မက်ဒရစ်အသင်း မှာမူ လက်ကျန်ပွဲစဉ်တိုင်းကို အနိုင် ရရှိခဲ့မည်ဆိုပါက လာလီဂါဖလားကို ရယူဆွတ်ခူးနိုင်မည်ဖြစ်သည်။
လက်ရှိတွင် ဘာစီလိုနာအသင်း မှာ ရီးယဲလ်မက်ဒရစ်အသင်းထက် တစ်ပွဲပိုကစားထားပြီး ရီးယဲလ်မက် ဒရစ်အသင်းမှာ ဂရန်နာဒါ၊ ဆီဗီလာ၊ မာလာဂါ၊ ဆယ်လ်တာဗီဂိုတို့နှင့် ကစားရမည်ဖြစ်သောကြောင့် ပွဲကျပ် သည့်အနေအထားတွင် ရှိနေသည်။ ဘာစီလိုနာအသင်းမှာ ဗီလာရီးယဲလ်၊ လက်စ်ပဲလ်မက်၊ အီဘားတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
(ငွေကြယ်)

No comments:

Post a Comment