Tuesday, May 30, 2017

၂ဝ၁၇ ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ ဒုတိယပွဲစဉ် (မော်လမြိုင်)ဆုပေးပွဲအခမ်းအနားကျင်းပ

Image may contain: 2 people
မော်လမြိုင် မေ ၂၉
မြန်မာနိုင်ငံတွင် ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့က ကြီးမှူး၍Myanmar Zwe MannCo.,Ltd.မှ အဓိက ကူညီပံ့ပိုးသည့် ၂ဝ၁၇ ခုနှစ် မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ ဒုတိယ ပွဲစဉ် ဆုပေးပွဲကို မေ ၂၈ ရက် စတုတ္ထနေ့ (၁၈)ကျင်းပြိုင်ပွဲ အပြီးတွင် မော်လမြိုင်မြို့ ရွှေနတ်တောင်ဂေါက်ကလပ်၌ ပြုလုပ်သည်။
ဆုပေးပွဲတွင် ပြိုင်ပွဲအား လက်ခံ ကျင်းပပေးသော ရွှေနတ်တောင်ဂေါက်ကလပ် အား အမှတ်တရလက်ဆောင်ကို Myanmar Golf Tour ကိုယ်စား မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဦးမြတ်ခိုင်က ပေးအပ်ချီးမြှင့်၍ ရွှေနတ်တောင်ဂေါက်ကလပ်မှ တိုင်းဦးစီးဗိုလ်မှူးကြီးတင်ထွဋ် ကလည်းကောင်း၊ မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကို ကိုအေးက ပြိုင်ပွဲအား အဓိက ကူညီပံ့ပိုးပေးသောMyanmar Zwe Mann Co., Ltd.အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ် ရာ Myanmar Zwe Mann Co., Ltd.မှ မန်နေဂျင်း ဒါရိုက်တာ ဦးဝင်းဇော်က လက်ခံရယူသည်။
ထို့နောက် မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကို ကိုအေးက ရွှေနတ်တောင် ဂေါက်ကွင်းတွင် အသုံးပြုရန် ဂရင်း မြက်ဖြတ်စက်အသစ် တစ်စီးကို ပေးအပ်လှူဒါန်းရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းက လက်ခံရယူခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာအား ပေးအပ် သည်။ ဆက်လက်၍ ဆုပေးပွဲ အခမ်းအနားကို ကျင်းပရာ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ဒေါ်နန်း သန်းသန်းနွယ်က အမျိုးသမီး ဝါသနာရှင်အဆင့် ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် ၂၆ဝ ဖြင့် ဒုတိယရရှိခဲ့သော မေဦးခိုင်နှင့် စုစုပေါင်းရိုက်ချက် ၂၅၉ ချက်ဖြင့် ပထမရရှိခဲ့သော ဧကရီဝင်းထွန်းတို့အား ဆုများ ချီးမြှင့်သည်။
ထို့နောက် မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုအေးက အမျိုသား ဝါသနာ ရှင်အဆင့်ပြိုင်ပွဲတွင် စုစုပေါင်း ရိုက်ချက် ၂၉၅ချက်ဖြင့် ဒုတိယရရှိသော မောင်မောင်ဦး နှင့် စုစုပေါင်းရိုက်ချက် ၂၉၅ ချက်ဖြင့် ပထမရရှိသော ကျော်သက်ဦးတို့အား ဆုများ ချီးမြှင့်သည်။
ဆက်လက်၍ ပညာရှင် အဆင့်တွင် သတ်မှတ်ရိုက်ချက် ထက် ခုနစ်ချက်လျော့ရိုက်ကာ စုစုပေါင်းရိုက်ချက် ၂၈၁ ချက် ဖြင့် ပထမဆုရရှိသွားသော နိုင်နိုင်လင်းအား အရှေ့တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် Myanmar Zwe Mann Co.,Ltd.မှ မန်နေဂျင်း ဒါရိုက်တာ ဦးဝင်းဇော်တို့က ဆုများ အသီးသီးချီးမြှင့်ခဲ့သည်။
၂ဝ၁၇ ခုနှစ် မြန်မာပြည်တွင်း ပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲများကိုMottama Holdings Co., Ltd., Myanmar Zwe Mann Co., Ltd., MWD Bank, Phyo Si Thu Teak Plantation (Myanmar) & Bago Yoma Eco Resort ( Myanmar ), KBZ Bank, Innwa Bankတို့က အဓိက ကူညီပံ့ပိုးပေးခဲ့ပြီး သွားလာမှု အဆင်ပြေစေရန်အတွက် ရွှေမန်းသူကားလိုင်းမှ ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
သတင်း-ဖိုးသော်ဇင်
ဓာတ်ပုံ-ဂေါက်သီးအဖွဲ့ချုပ်

No comments:

Post a Comment