Wednesday, May 31, 2017

သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ကာကွယ်ရေးနှင့် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်

Image may contain: 2 people, people sitting, table and indoor


နေပြည်တော် မေ ၃ဝ
 
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စစ်တမ်း (၂ဝ၁၆)နှင့်စပ်လျဉ်းသည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာ စကားပြောကြားသည်။
အစည်းအဝေးသို့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုကော်မတီဒုတိယဥက္ကဋ္ဌများ ဖြစ်ကြ သည့် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒေါက်တာ ဝင်းမြတ်အေး၊ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးအုန်းဝင်း၊ ဒေါက်တာ မြင့်ထွေး၊ ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဌာနဆိုင်ရာအကြီး အကဲများနှင့် တာဝန်ရှိသူများတက်ရောက် ကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက သဘာဝဘေးအန္တရာယ် ဆိုင်ရာစစ်တမ်း(၂ဝ၁၆)တွင် ထိခိုက် ပျက်စီးဆုံးရှုံးမှု ဖြစ်စေနိုင်သည့် အကြောင်းရင်းများနှင့် ဆောင်ရွက် ပေးရန်လိုအပ်ချက်များကို ဆန်းစစ် ဖော်ထုတ်ထားပါကြောင်း၊ မိမိတို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် နိုင်ငံတော် တွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာနိုင်စေသည့် အကြောင်းရင်း များကို ရှာဖွေဖော်ထုတ်ခြင်း လုပ်ငန်း မှအစ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပြီး ဖွံ့ဖြိုးရေးကို ဦးတည်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အထိ ဖြစ်စဉ်အစအဆုံးအတွက် တာဝန် ရှိပါကြောင်း။
ကြိုတင်ပြင်ဆင်
တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ကွင်းဆင်းစစ်တမ်း ကောက်ယူခဲ့မှု အခြေအနေများကို ကြည့်မည်ဆိုပါက သစ်တောစိုက်ခင်းများ ပြန်လည်ထူထောင်ပေးရန်၊ နေအိမ် ပြောင်းရွှေ့မြေနေရာများ စီစဉ်ပေးရန်၊ ရေထိန်း၊ ရေကာတာတည်ဆောက် ပေးရန်၊ တံတားတည်ဆောက်ပေးရန်၊ မြစ်၊ ချောင်းများ ရေစီးရေလာကောင်းမွန် စေရေးသဲသောင်တူးပေးရန်၊ ရေနုတ် မြောင်းဖောက်လုပ်ပေးရန်၊ တာတမံမြှင့် ပေးရန်နှင့် တာလမ်းများ ဖောက်လုပ်ပေး ရန်၊ Shelter (သို့မဟုတ်) စာသင် ကျောင်းများ တည်ဆောက်ပေးရန်၊ မြေထိန်းနံရံများ တည်ဆောက်ရန်၊ ကျေးရွာချင်းဆက်တံတားများ၊ လမ်းများ ပြုပြင်တည်ဆောက်ပေးရန်၊ သောက်သုံး ရေရှားပါးမှုကို ဖြေရှင်းပေးရန်၊ စိစစ်၍ အသိပညာများပေးရန်စသည်ဖြင့် ရေနှင့် ဆက်စပ်ဖြစ်ပေါ်သည့် သဘာဝဘေး အ္တရာယ်များအတွက် ကြိုတင်ကာကွယ် ရေးနှင့် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်း များ ဆောင်ရွက်ပေးရမည်ကို ဖော်ထုတ် ဆန်းစစ်တွေ့ရှိရပါကြောင်း။
ထည့်သွင်းရေးဆွဲ
သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုလျှော့ချရေး၊ ဘေးဒဏ် ခုခံနိုင်စွမ်းရှိသည့် ရပ်ရွာဖြစ်စေရေးတို့ အတွက် မဖြစ်မနေဆောင်ရွက်ပေးရမည့် လုပ်ငန်းများဖြစ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးတည်သည့် လုပ်ငန်း များလည်းဖြစ်ပါကြောင်း၊ သို့သော်လည်း တစ်ပြိုင်နက်တည်း ဆောင်ရွက်ပေးရန် အခက်အခဲရှိသည့်အတွက် ချက်ချင်း ဆောင်ရွက်ပေးရမည့် လုပ်ငန်းများ၊ ကာလသတ်မှတ် ဆောင်ရွက်ပေးရမည့် လုပ်ငန်းများစသည်ဖြင့် ဦးစားပေး အလိုက်အဆင့်သတ်မှတ် ရွေးချယ် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ဆောင်ရွက်ပေးရမည့် လုပ်ငန်းများအား ရေတို၊ ရေရှည်ဆောင်ရွက်ပေးနိုင်ရန် အတွက် ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အလိုက် နှစ်စဉ်လုပ်ငန်း စီမံချက်များတွင် ထည့်သွင်းရေးဆွဲ ဆောင်ရွက်သွားရန်လည်း လိုအပ်ပါ ကြောင်း။
ဝိုင်းဝန်းဆွေးနွေး
သဘာဝဘေး ကြိုတင်ကာကွယ် ရေးနှင့် ဆက်စပ်သည့်လုပ်ငန်းများကို ဦးစားပေးအလိုက် ဆောင်ရွက်သွားခြင်း အားဖြင့် သဘာဝဘေးဒဏ်ကြံ့ကြံ့ခံနိုင် သည့်၊ သဘာဝဘေးကို ရင်ဆိုင်တုံ့ပြန် နိုင်စွမ်းမြင့်မားသည့် လူမှုအဖွဲ့အစည်း ဖြစ်ပေါ်လာနိုင်မည်ဖြစ်ပါကြောင်း၊ ယခု သဘာဝဘေးအန္တရာယ်ဆိုင်ရာ စစ်တမ်း (၂ဝ၁၆)နှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများ အနေဖြင့် ဝိုင်းဝန်းဆွေးနွေးပေးကြစေ လိုပါကြောင်း ပြောကြားသည်။
ဆောင်ရွက်မည့်အစီအမံ
အစည်းအဝေးတွင် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းကော်မတီနှင့် လုံခြုံရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်း ကော်မတီနှင့် ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံ ခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည် ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ကနဦးလိုအပ်ချက်စစ်တမ်းကောက်ယူ ရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များဆန်း စစ်ဖော်ထုတ်ရေး လုပ်ငန်းကော်မတီ၊ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီ၊ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင် ရေးလုပ်ငန်းကော်မတီတို့မှ တာဝန်ရှိသူ များက သဘာဝဘေးအ္တရာယ်ဆိုင်ရာ စစ်တမ်း(၂ဝ၁၆)နှင့်ပတ်သက်ပြီး သက် ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ပြီးသည့် လုပ်ငန်းများ၊ ဆောင်ရွက်မည့်အစီအမံ များ၊ လုပ်ငန်းလိုအပ်ချက်များအား ရှင်းလင်းတင်ပြကြသည်။
ပေါင်းစပ်ညှိနှိုင်း
ယင်းနောက် ဒုတိယသမ္မတက ရှင်းလင်းတင်ပြချက်များအပေါ် ပြန်လည် သုံးသပ်ဆွေးနွေးပြီး ဆောင်ရွက်ရန် လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ပေးခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment