Tuesday, May 30, 2017

(၄)ကြိမ်မြောက် ကျပ် ၅ဝဝတန် အောင်ဘာလေထီလက်မှတ်များတွင် 2nd ဟု ပါရှိသည့် အရန်ထီလက်မှတ်များ နောက်ဆုံးအကြိမ်အဖြစ်ရောင်းချမည်

No automatic alt text available.
ရန်ကုန် မေ ၂၉
ဇွန် ၁ ရက်တွင် စတင်ရောင်းချ မည့် (၄)ကြိမ်မြောက် ကျပ် ၅ဝဝ တန် အောင်ဘာလေထီလက်မှတ် များတွင် 2nd ဟု ပါရှိသော အရန် ထီလက်မှတ်များကို နောက်ဆုံး အကြိမ်အဖြစ် ရောင်းချသွား မည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန အောင် ဘာလေသိန်းဆုဌာနခွဲမှ သိရ သည်။
ဇွန် ၁ ရက်တွင် (၃)ကြိမ် မြောက် ကျပ် ၅ဝဝ တန် အောင်ဘာလေထီဖွင့်ပွဲ ကျင်းပ အပြီးတွင် (၄)ကြိမ်မြောက် အတွက် ထီလက်မှတ်များကို ယင်းနေ့ ထီဖွင့်ပွဲအပြီးတွင် စတင်ရောင်းချသွားမည်ဖြစ်ရာ အရန် ထီလက်မှတ်များကို နောက်ဆုံးအကြိမ်အဖြစ် ထည့် သွင်းရောင်းချသွားမည်ဖြစ်ပြီး အဆိုပါ အရန်ထီလက်မှတ်များ ပေါ်တွင် 2nd ဟူသော အမှတ် အသားပါရှိမည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးထွန်းထွန်း အောင်က ပြောသည်။
''(၄)ကြိမ်မြောက် အတွက် ထီလက်မှတ်တွေက ဇွန် ၁ ရက် မှာ ရောင်းမှာဖြစ်ပါတယ်။ အဲဒီမှာ ထူးခြားချက်က အရန် ထီလက်မှတ်တွေမှာ 'ကက' အက္ခရာကနေ ပြန်လည်စတင် ပါဝင်လာမှာ ဖြစ်ပေမယ့် ထီလက်မှတ်တန်ဖိုး ကျပ် ၅ဝဝ ဆိုတဲ့အပေါ်မှာ 2nd ဆိုတဲ့ စာသားလေးကို ထည့်သွင်းထား ပါတယ်။ အကြိမ်ရေနဲ့ဖွင့်လှစ် မယ့်ရက်စွဲမပါတဲ့ အရန်ထီ လက်မှတ်တွေကို ဒီ(၄)ကြိမ် မြောက် ထီဖွင့်ပွဲအတွက် နောက်ဆုံးထုတ်တာ ဖြစ်ပါ တယ်။ နောက်လာမယ့် (၅) ကြိမ်မြောက် ထီဖွင့်ပွဲအတွက် ရောင်းချမယ့် ထီလက်မှတ်တွေ မှာတော့ အရန်ထီတွေ မပါ တော့ဘဲ ဖွင့်လှစ်မယ့်အကြိမ်ရေ နဲ့ ရက်စွဲပါတဲ့ ထီလက်မှတ် တွေကိုပဲ ရောင်းချတော့မှာ ဖြစ်ပါတယ်''ဟု ၎င်းက ပြောသည်။
(၄)ကြိမ်မြောက် ကျပ် ၅ဝဝ တန် အောင်ဘာလေထီ လက်မှတ်များကို ရောင်းချနိုင် ရန်အတွက် ပင်မထီအက္ခရာ 'က'မှ အစဉ်လိုက် 'ဖ'အက္ခရာ အထိ အက္ခရာအလုံးရေ ၂၂ လုံး၊ အရန်ထီ'ကက' အက္ခရာမှ အစဉ်လိုက် 'ကဖ'အက္ခရာအထိ ၂၂ လုံး စုစုပေါင်းအက္ခရာ ၄၄ လုံးခန့် ခွဲဝေဖြန့်ဖြူးပြီးဖြစ် ကြောင်း သိရသည်။
''(၅)ကြိမ်မြောက်က စပြီး တော့ ထီလက်မှတ်တွေမှာ အကြိမ်ရေပါမယ်။ ရက်စွဲပါမယ့် ထီလက်မှတ်တွေပဲ ဖြစ်သွား မယ်။ ရိုက်နှိပ်ပြီးသားတွေ ဖြစ် နေတဲ့အတွက် အရန်ထီတွေကို (၄)ကြိမ်မြောက်မှာ နောက်ဆုံး အကြိမ်အဖြစ် ရောင်းချသွားမှာ ဖြစ်ပါတယ်။ ထီလက်မှတ်တွေကို အက္ခရာဘယ်လောက် ရောင်းချ ပြီးဖြစ်တယ်။ အရန်ထီ ဘယ် အက္ခရာကနေ ဘယ်အထိ ရောင်းချထားတယ်ဆိုတာကို လည်း အချိန်နဲ့တစ်ပြေးညီ ကြေညာပေးနေပါတယ်''ဟု ၎င်းက ပြောသည်။
အဆိုပါ ဇွန် ၁ ရက်တွင် ပြုလုပ်မည့် (၃)ကြိမ်မြောက် ထီ ဖွင့်ပွဲအပြီးတွင် (၄)ကြိမ်မြောက် ထီလက်မှတ်များကို စတင် ရောင်းချသွားမည်ဖြစ်ရာ အရန် ထီလက်မှတ် 'ကက'အက္ခရာမှ အစဉ်လိုက်ရောင်းချပေးသွားမည် ဖြစ်သော်လည်း ထီလက်မှတ် တန်ဖိုး ကျပ် ၅ဝဝ ၏ အပေါ် တွင် 2nd ဟူသော အမှတ်အသား ပါရှိသည့် အရန်ထီလက်မှတ်များ ကို ရောင်းချသွားမည်ဟု အောင်ဘာလေ သိန်းဆုဌာနခွဲမှ သိရသည်။
ဆုနှင်းလဲ့

No comments:

Post a Comment