Monday, May 1, 2017

ရင်ပွင့်မတတ် ခြေကုန်ဖွင့်ယှဉ်ပြိုင်ကြရမယ့် ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ




မိုးမြင့်လင်းလက်


ချန်ပီယံလိဂ်အကြိုဗိုလ်လုပွဲ ပထမအကျော့ပွဲစဉ်တွေကို မေ ၂ ရက်နဲ့ ၃ ရက်တွေမှာ ကစားကြမှာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ ရီးရဲမက်ဒရစ်နဲ့ အက်သလက်တီကို၊ မိုနာကို နဲ့ ဂျူဗင်တပ်စ်တို့ပွဲတွေက ပရိသတ်တွေအတွက် ရင်ခုန် လှုပ်ရှားဖွယ်ရာဖြစ်နေပါတယ်။ ခြေစွမ်းတူညီနေကြပြီး ဒီလေးသင်းမှာ လေးသင်းစလုံး ဗိုလ်စွဲနိုင်ချေရှိနေတာမို့ အကြိုဗိုလ်လုပွဲစဉ်ကတော့ ပရိသတ် စိတ်နှလုံးကို သိမ်း ကျုံးဆွဲဆောင်ဦးမှာ သေချာနေပါတယ်။ 

ရီးရဲမက်ဒရစ်နှင့် အက်သလက်တီကို
ချန်ပီယံလိဂ်ဖလားကို ကာကွယ်ဖို့ အပြင်းအထန် ကြိုးစားလာမယ့် အိမ်ရှင်ရီးရဲမက်ဒရစ်တို့ကတော့ အိမ် ကွင်းမှာ ပြတ်သားတဲ့ ရလဒ်ထွက်ပေါ်အောင် ကြိုးစား ပါလိမ့်မယ်။ ရီးရဲမက်ဒရစ်တို့က အခုနောက်ဆုံး အိမ် ကွင်း သုံးပွဲကစားခဲ့ရာမှာ နိုင်ပွဲတွေချည်း ရယူနိုင်ခဲ့သလို တိုက်စစ်မှူးတွေကလည်း ၁၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါ တယ်။ ဒါပေမယ့် ရီးရဲမက်ဒရစ်ရဲ့ အားနည်းချက်က အခု တလော ခံစစ်ကြောင်းအားနည်းနေတာပါပဲ။ ရီးရဲမက် ဒရစ်တို့ နောက်ဆုံးကစားခဲ့တဲ့ငါးပွဲမှာ ၁ဝ ဂိုးအထိ ပေး ထားခဲ့ရတာကလည်း အက်သလက်တီကို တိုက်စစ်မှူး တွေအတွက်တော့ အခွင့်အရေးကောင်းတွေရသွားနိုင် ပါတယ်။ အက်သလက်တီကိုတို့ကတော့ တိုက်စစ်ထက် ခံစစ်ပိုင်း ကျစ်လျစ်သိပ်သည်းအောင် တည်ဆောက်နိုင် တဲ့ အနေအထားရှိပြီး ပြိုင်ဘက်တိုက်စစ်မှူးတွေကို ထိန်းချုပ်နိုင်သူတွေဖြစ်ပါတယ်။ အက်သလက်တီကိုရဲ့ အားနည်းချက်က အဝေးကွင်းမှာ ရလဒ်ကမောက်ကမ ဖြစ်တတ်တာမို့ သတိပြု ပြင်ဆင်နိုင်ကာမှ တော်ကာကျ ပါလိမ့်မယ်။ အက်သလက်တီကိုရဲ့ အားသာချက်က အသင်းလိုက် ကစားအားကောင်းပြီး တိုက်စစ်ရော ခံစစ် ပိုင်းမှာပါ နားလည်မှုရှိရှိနဲ့ အားထုတ်နိုင်ကြတာဖြစ်ပါ တယ်။ အက်သလက်တီကိုအသင်းရဲ့ နောက်ဆုံးငါးပွဲ ကစားခဲ့တဲ့ရလဒ်ပိုင်းကိုကြည့်ရင် သုံးပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး ရလဒ်တွေထွက်ပေါ်ထားပါတယ်။ ရီးရဲမက်ဒရစ် နဲ့ အက်သလက်တီကိုတို့ရဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ပွဲမှာ တစ်ဂိုးစီသရေပွဲဖြစ်ခဲ့တာမို့ အခုပွဲမှာတော့ ပြတ်သားတဲ့ ရလဒ်ကို အပြိုင်ထုဆစ်ပုံဖော်ပါလိမ့်မယ်။ လက်ရှိ ခြေစွမ်းအရ ရီးရဲမက်ရစ်တို့ ပေးဂိုးရှိပေမယ့် အနိုင်ရလဒ် ကို ပိုင်ဆိုင်ပါလိမ့်မယ်။

မိုနာကိုနှင့် ဂျူဗင်တပ်စ်
နိုင်ပွဲတွေ ဆက်တိုက်ရယူနေတဲ့ မိုနာကိုတို့လည်း ပီ အက်စ်ဂျီကို ငါးဂိုးပြတ်ရှုံးခဲ့တာမို့ ခြေစွမ်းက စိတ်ပျက် စရာဖြစ်နေပါတယ်။ မိုနာကို တိုက်စစ်မှူးတွေဟာ ဂိုး သွင်းနိုင်ကြသူများဖြစ်ပေမယ့် ခံစစ်ပိုင်းက မလုံခြုံပါဘူး။ ပြိုင်ဘက်တိုက်စစ်မှူးတွေ အုပ်စုဖွဲ့ ထိုးဖောက်ကစားရင် ဟန်ချက်ပျက်တတ်တာကြောင့် သတိပြုကစားမှ ရပါ လိမ့်မယ်။ ဂျူဗင်တပ်စ်တို့က ဒီနှစ် ချန်ပီယံလိဂ်ဖလား ကို ပစ်မှတ်ထားနေပြီး ပွဲတိုင်း အလေးထားယှဉ်ပြိုင်နေ တာမို့ ရလဒ်ကောင်းတွေလည်း ဖော်ထုတ်ပိုင်ဆိုင်နေပါ တယ်။ ဂျူဗင်တပ်စ်ရဲ့ တိုက်စစ်မှူးတွေက ဂိုးသွင်းသေချာ သူတွေဖြစ်သလို ခံစစ်ပိုင်းကလည်း ကျောက်ဆောင်တွေ အလား ခိုင်မာကျစ်လျစ်မှုရှိနေတာမို့ မိုနာကို တိုက်စစ် မှူးတွေ အခက်အခဲတွေ့နိုင်ပါတယ်။ လက်ရှိခြေစွမ်းအရ အသင်းလိုက်ရော တစ်ဦးချင်းပါ အားသာချက်ရှိနေတဲ့ ဂျူဗင်တပ်စ်ဟာ အဝေးကွင်းဆိုပေမယ့် ဂိုးသွင်းပြီး အောင် ပွဲခံဖို့ အခွင့်အရေးများနေတာတော့ အမှန်ပါပဲ။ ။

No comments:

Post a Comment