Monday, May 1, 2017

ဆန်ခါမှော်မှ တူးဖော်တွေ့ရှိသည့် ခုနစ်တန်ခန့်ရှိ ကျောက်စိမ်းအရိုင်းတုံးကို ကုမ္ပဏီနှင့် ရေမဆေးသမားများ ညှိနှိုင်းအဆင်ပြေ၍ မြစ်ကြီးနားမြို့သို့ ပို့ဆောင်

No automatic alt text available.
ဖားကန့် ဧပြီ ၃ဝ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာအနီး တောက်ပကြယ်ကျောက်မျက်တူးဖော်ရေးကုမ္ပဏီလုပ်ကွက်အတွင်းမှ ရေမဆေး ကျောက်ရှာဖွေသူ ငါးဦး တူးဖော်တွေ့ရှိသည့် အလေးချိန် ခုနစ်တန်ခန့်ရှိ ကျောက်စိမ်းအရိုင်းတုံးကြီးကို ကုမ္ပဏီနှင့်ရေမဆေးသမားများအကြား ညှိနှိုင်း အဆင်ပြေ၍ ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
အဆိုပါကျောက်စိမ်းအရိုင်းတုံးကို ဧပြီ ၂၆ ရက် နံနက်ပိုင်းက ရေမဆေးကျောက်ရှာဖွေသူ ငါးဦးက စတင်တွေ့ရှိခဲ့ပြီး ရေမဆေးလိုက်ပါ ဆောင်ရွက်သူ(ဒေသအခေါ်ဂျော်ကီ)စာရင်းအရ ၁ဝဝဝဝ ခန့်တို့က တူးဖော်ကာ မှော်စာပုံကျေးရွာ ကိုယ့်အားကိုယ်ကိုးကျောင်းဝင်းအတွင်းသို့ သရီးကရောင်း ယာဉ်ဖြင့် သယ်ယူသွားခဲ့ရာ ကျောက်မျက်ကုမ္ပဏီနှင့် ရေမဆေးသမားများအကြား ညှိနှိုင်းပြေလည်မှုမရရှိခဲ့သဖြင့် ဧပြီ ၂၈ ရက်တွင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးတင်စိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၏ ညှိနှိုင်းဆောင်ရွက် ပေးခဲ့မှုဖြင့် ကုမ္ပဏီမှ ငွေကျပ်သိန်း ၁၃ဝဝ ထုတ်ပေးခဲ့ပြီး အဆိုပါကျောက်စိမ်း အရိုင်းတုံးတွေ့ရှိသူ ငါးဦးအား ငွေကျပ်သိန်း ၃ဝဝ နှင့် ရေမဆေးဂျော်ကီများအား တစ်ဦးလျှင် ငွေကျပ် ၁ဝဝဝဝ စီဖြင့် ပြေလည်မှုရရှိခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် အဆိုပါကျောက်စိမ်းအရိုင်းတုံးကြီးကို မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ် ရေးလုပ်ငန်း ကျောက်မျက်တူးဖော်ရေးဌာနမှ မြစ်ကြီးနားမြို့သို့ သယ်ဆောင်သွား ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment