နေပြည်တော် မေ ၂၈
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန၏
တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ် ပညာပေးရေး အစီအစဉ် (CTME)ကို ယနေ့နံနက် ၉
နာရီတွင် နေပြည်တော်ရှိ ခုတင် ၁ဝဝ တိုင်းရင်းဆေးရုံ၌ ကျင်းပရာ သဘာပတိ
ခုတင် ၁ဝဝ တိုင်းရင်းဆေးရုံ(နေပြည်တော်) ဆေးရုံအုပ်ကြီး(အငြိမ်းစား)
ဆရာကြီးဦးစိုးဝင်းက အမှာစကားပြောကြားသည်။
ထို့နောက် ခုတင် ၁ဝဝ တိုင်းရင်းဆေးရုံ (နေပြည်တော်) မှ အကြီးတန်းတိုင်းရင်းဆေးမှူး ဆရာမ ဒေါ်ခင်မျိုးမြင့်က ခါးဆစ်ရိုးကျီးပေါင်းရောဂါကြောင့် ခါးနာခြင်းနှင့် အရိုးကျီးပေါင်း ကြောင့် ဒူးနာခြင်းရောဂါအကြောင်းအား ဆွေးနွေးတင်ပြ သည်။
ယင်းနောက် တက်ရောက်လာသူများက သိလိုသည်များကို စိတ်ဝင်စားစွာ မေးမြန်းဆွေးနွေးရာ ဆရာကြီး ဦးစိုးဝင်း နှင့် ဆရာမ ဒေါ်ခင်မျိုးမြင့်တို့က ပြန်လည်ရှင်းလင်းဖြေကြားပြီး သဘာပတိဆရာကြီးက နိဂုံးချုပ်စကားပြောကြားကာ အခမ်း အနားကို ရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန် ရှိသူများ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်းရင်းဆေး ပညာဦးစီးဌာန၊ တိုင်းဦးစီးဌာနမှူး၊ ခုတင် ၁ဝဝ တိုင်းရင်းဆေးရုံ (နေပြည်တော်) ဆေးရုံအုပ်၊ ဒုတိယဆေးရုံအုပ်၊ ခရိုင်တိုင်းရင်း ဆေးပညာဦးစီးဌာနမှူးများ၊ မြို့နယ်တိုင်းရင်းဆေးပညာ ဦးစီးဌာနမှူးများ၊ အကြီးတန်းတိုင်းရင်းဆေးမှူးများ၊ တိုင်းရင်း ဆေးမှူးများ၊ လက်ထောက်တိုင်းရင်းဆေးမှူးများ၊ စိတ်ဝင်စား သူ တိုင်းရင်းဆေးဆရာများ တက်ရောက်ကြသည်။
တိုင်းရင်းဆေးပညာရှင်များ၏ စဉ်ဆက်မပြတ် ဆေးပညာ သင်ကြားရေးကို အထောက်အကူပြုနိုင်ရန်အတွက် ဝိုင်းဝန်း အကောင်အထည်ဖော်ရန်၊ တိုင်းရင်းဆေးပညာရပ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဦးစားပေးအစီအစဉ်ဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးရန်၊ တိုင်းရင်းဆေးပညာရပ်၏ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုများကို ဖြန့်ဝေနိုင်ရန်၊ ပိုမိုကောင်းမွန်သော ရောဂါသိမှု၊ ဆေးသိမှု၊ ကုထုံးသိမှုများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဖွံ့ဖြိုး တိုးတက်လာသော ဆေးပညာဆိုင်ရာ ဗဟုသုတများကို လက်တွေ့အသုံးချနိုင်စေရန်ရည်ရွယ်၍ တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ်ကို လစဉ် တတိယပတ်၊ စနေနေ့တိုင်းတွင် ကျင်းပလျက်ရှိပြီး တိုင်းရင်းဆေးပညာရှင် ဆရာကြီးများက တက်ရောက်ဆွေးနွေးပို့ချမည်ဖြစ်ရာ စိတ်ပါ ဝင်စားသူများ တက်ရောက်နိုင်ကြောင်း၊ ယခုလ တိုင်းရင်းဆေး ပညာ စဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ်ကို အေးငြိမ်း သီတာ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ထောက်ပံ့ပေးကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:
Post a Comment