Monday, May 29, 2017

လေယာဉ်ပစ်လက်နက်သစ်တစ်မျိုးကို မြောက်ကိုရီးယားခေါင်းဆောင် ဦးဆောင်စမ်းသပ်




ပြုံယမ်း မေ ၂၈


ရက်သတ္တပတ်များစွာ တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ်မှုများကို ပြုလုပ်ခဲ့ပြီး နောက် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်းသည် လေယာဉ်ပစ်လက် နက်ကြီးပုံစံသစ်တစ်မျိုးကို စမ်းသပ်ရာ တွင် ဦးဆောင်ကြီးကြပ်လျက်ရှိပြီး ဒုံးကျည်လက်နက်အမြောက်အမြားကိုထုတ်လုပ်ရန်နှင့် နိုင်ငံအနှံ့အပြားတွင် ဖြန့်ကြက်ထားရန် ညွှန်ကြားချက်ထုတ် ပြန်လိုက်ကြောင်း သိရသည်။
မြောက်ကိုရီးယား နိုင်ငံပိုင် ကိုရီးယားဗဟိုသတင်းအေဂျင်စီက ယင်း လေယာဉ်ပစ်လက်နက်၏ သဘော သဘာဝနှင့် စမ်းသပ်မှုပြုလုပ်မည့်အချိန် တို့ကို အတိအကျဖော်ပြခဲ့ခြင်းမရှိပေ။
သို့သော် ယင်းစမ်းသပ်မှုကို အမျိုးသားကာကွယ်ရေး သိပ္ပံကျောင်းမှ စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဒုံးကျည်နှင့် နျူကလီးယားလက်နက်များကို တိုးမြှင့် ထုတ်လုပ်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
မြောက်ကိုရီးယားသည် ၄င်း၏လက် နက်အစီအစဉ်များအပေါ်ပိတ်ဆို့အရေးယူသည့် ကုလသမဂ္ဂနှင့် အခြားနိုင်ငံ များ၏ အရေးယူဆောင်ရွက်မှုများကိုနာခံခြင်းမရှိသည့်အပြင် ယင်းလက်နက်များ အားကြိုးစား စမ်းသပ်ဆောင်ရွက်နေ ခြင်းသည် အမေရိကန်ကိုရင်ဆိုင်ရန်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း မြောက်ကိုရီးယားသည် တိုက်ချင်းပစ်ဒုံး ကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ သည်။ အမေရိကန်ကမူ မြောက်ကိုရီးယား နှင့် စစ်မက်ဖြစ်ပွားရန် ရည်ရွယ်ချက် လုံးဝမရှိကြောင်း ငြင်းဆိုပြောကြား လျက်ရှိသည်။
(ရိုက်တာ)

No comments:

Post a Comment