နေပြည်တော် မေ ၂၈
ရခိုင်ပြည်နယ် စစ်တွေလေဆိပ်၌ ယမန်နေ့မွန်းလွဲပိုင်းက
နိုင်ငံသားစိစစ်ရေးကတ် အတုကိုင်ဆောင်သည့် အမျိုးသမီးသုံးဦးအား
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်တွေမှ ရန်ကုန်သို့ FMIလေကြောင်းလိုင်းဖြင့် လိုက်ပါမည့် စစ်တွေမြို့နယ် သက္ကယ်ပြင်ကျေးရွာနေ မရီဟာနာဘေဂွန် ၊ မခင်မေ (ခ) ရေဇူဝမ်နှင့် ဒါးပိုင်ကျေးရွာနေ မကျော့ယဉ် (ခ) နူနာဟာရ်တို့အား ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က လူဝင်မှုကြီးကြပ် ရေး စိစစ်ရေးကောင်တာ၌ နိုင်ငံသားစိစစ်ရေးကတ်အတုကိုင်ဆောင်လာသည် ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဖမ်းဆီးစစ်ဆေးရာ မရီဟာနာဘေဂွန်အား သက္ကယ်ပြင် ကျေးရွာနေ အာယု(စိစစ်ဆဲ)က $ငွေကျပ် ၂၅ သိန်းဖြင့် လည်းကောင်း၊ မခင်မေအား ကျောက်ဖြူမြို့နယ်နေ အမည်မသိလူတစ်ဦးက လည်းကောင်း၊ မကျော့ယဉ်အား သက္ကယ်ပြင်ကျေးရွာနေ ကိုရ်ဘာအာလီ (စိစစ်ဆဲ)က $ငွေကျပ်၂၇ သိန်းဖြင့်လည်း ကောင်း မှတ်ပုံတင်ကတ်အတုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးသုံးဦးမှာ အာယုနှင့် ကိုရ်ဘာအာလီတို့ငှားရမ်းပေးသည့် ဆိုင်ကယ်ကယ်ရီသုံးစီးဖြင့် စစ်တွေလေဆိပ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment