Wednesday, May 31, 2017

တောင်ကိုရီးယား မိုဘိုင်းလောင်ချာများ ထပ်မံပေးပို့ခဲ့ရာတွင် သမ္မတခွင့်ပြုချက်မရယူဘဲ လုပ်ဆောင်ခဲ့မှု စုံစမ်းစစ်ဆေးမည်



Image may contain: sky and outdoor
ဆိုးလ် မေ ၃ဝ
အမေရိကန် ဒုံးကျည်ကာကွယ်ရေးဒိုင်းလွှားစနစ်အတွက် မိုဘိုင်းလောင်ချာများကို ထပ်မံပေးပို့ခဲ့ရာတွင် သမ္မတထံမှ ခွင့်ပြုချက်မရယူဘဲ လုပ်ဆောင်ခဲ့ခြင်းနှင့်ပတ်သက်၍ အသေးစိတ်စုံစမ်းစစ်ဆေးရန် သမ္မတ မွန်ဂျေအင်က ညွှန်ကြားလိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက မေ ၃ဝ ရက်တွင် သတင်းထုတ်ပြန်သည်။
တောင်ကိုရီးယားနိုင်ငံ၌ ဖြန့်ကြက်သည့် ဒုံးခွင်းဒုံး စနစ်အတွက် နောက်ထပ် မိုဘိုင်းလောင်ချာလေးခု ထပ်မံပေးပို့ခဲ့ရာတွင် သမ္မတ၏ခွင့်ပြုချက်ကို ရယူခဲ့ခြင်းမရှိကြောင်း၊ မိုဘိုင်းလောင်ချာများကို သမ္မတ၏ခွင့်ပြုချက်မရှိဘဲ သယ်ယူပို့ဆောင်ခဲ့သည်ဟု သမ္မတကြားသိရသည့်အခါ ၎င်းမှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်ခဲ့ရကြောင်း သမ္မတ၏ ပြန်ကြားရေးအတွင်းဝန် ယွန်ယောင်ချန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
တောင်ကိုရီးယားနိုင်ငံ၌ ဖြန့်ကြက်သည့် တီအိပ်ခ်ျအေအေဒီ ဒုံးကျည်ကာကွယ်ရေးစနစ်အတွက် မိုဘိုင်းလောင်ချာနှစ်ခုကို တပ်ဆင်ခဲ့ပြီးဖြစ်ကြောင်း၊ နောက်ထပ် မိုဘိုင်းလောင်ချာလေးခုကို ထပ်မံပေးပို့ခဲ့ရာတွင် သမ္မတအား အသိပေးခြင်းမရှိဘဲ တိတ်တဆိတ် သယ်ယူပို့ဆောင်ခဲ့သည်ဟု သမ္မတ၏ လုံခြုံရေးအကြံပေးပုဂ္ဂိုလ် ချန်အိန်ယောင်းက သမ္မတထံ သတင်းပို့ခဲ့ကြောင်း ယွန်ယောင်ချန်းက ပြောကြားသည်။
မိုဘိုင်းလောင်ချာများအား လျှို့ဝှက်စွာ ပို့ဆောင်ခဲ့မှုနှင့်ပတ်သက်၍ အသေးစိတ်စုံစမ်းစစ်ဆေးရန် လုံခြုံရေးအကြံပေးပုဂ္ဂိုလ်နှင့် သမ္မတရုံးဝန်ကြီးတို့အား သမ္မတက ညွှန်ကြားထားကြောင်း ၎င်းက ပြောကြားသည်။
မေ ၉ ရက် သမ္မတရွေးကောက်ပွဲ မကျင်းပမီ ရက်သတ္တနှစ်ပတ်အလိုတွင် အမေရိကန် တီအိပ်ခ်ျအေ အေဒီ ဒုံးခွင်းဒုံးစနစ်အတွက် မိုဘိုင်းလောင်ချာ နှစ်ခုနှင့် ရေဒါတို့ကို မြောက်ပိုင်း ကွမ်ဆောင်းပြည်နယ် ဆောင်ဂျူ စီရင်စု ဆိုဆောင်းရီကျေးရွာရှိ ဂေါက်ကွင်းတစ်ကွင်းသို့ ညသန်းခေါင်ယံအချိန်တွင် ပို့ဆောင်ခဲ့သည်။
ရိုက်တာ။

No comments:

Post a Comment