Wednesday, May 31, 2017

ယီမင်တွင် ဝမ်းရောဂါဖြစ်ပွားမှုကြောင့် ၄၇၁ ဦး သေဆုံး



Image may contain: 3 people, people sitting
ဆာနား မေ ၃ဝ

ပြည်တွင်းစစ် ဆိုးဆိုးရွားရွားဖြစ်ပွားနေ သည့် ယီမင်နိုင်ငံတွင် ကာလဝမ်း ရောဂါဖြစ်ပွားမှုကြောင့် ယခုလအတွင်း ၄၇၁ ဦး သေဆုံးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မေ ၂၇ ရက်အထိ သေဆုံးသူအရေအတွက်ကို နောက်ဆုံးထုတ်ပြန်ပေးထားသည်။ သေဆုံးသူအရေအတွက်ကို အတည်ပြုထားပြီး ဝမ်းရောဂါဖြစ်ပွားနေသည် ဟု သံသယရှိသူ ၅၂ဝဝဝ ကျော်ရှိကြောင်းလည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပြောကြားသည်။
ဆော်ဒီ ထောက်ခံအားပေးထားသော အစိုးရနှင့် သူပုန်တပ်ဖွဲ့များ ဖြစ်ပွားသည့် ပြည်တွင်းစစ်ပွဲတွင် ဆေးရုံများနှင့် ရေဖြန့်ဖြူးပေးဝေသော စနစ်များဖျက်ဆီးခံခဲ့ရသည်။ ထို့ပြင် ယီမင်နိုင်ငံတွင် ဆရာဝန်၊ သူနာပြုနှင့် ဆေးဝါးများလည်း ဆိုးဆိုးရွားရွား ပြတ်တောက်လျက်ရှိသည်။
ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့ အစည်းများက စစ်ပွဲတွင်ပါဝင် တိုက်ခိုက်နေသော အဖွဲ့အစည်းများအနေဖြင့် ဆေးရုံဆေးခန်းများအတွက် ရန်ပုံငွေထောက်ပံ့ပေးရန် တိုက်တွန်းထားသကဲ့သို့ ကျန်းမာရေးစောင့် ရှောက်မှုပေးမည့် ပုဂ္ဂိုလ်များကိုလည်း ပဋိပက္ခဖြစ်ပွားနေသည့် နယ်မြေများသို့ ဝင်ရောက်ခွင့်ပေးရန်လည်း တောင်းဆိုထားသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment