Wednesday, May 31, 2017

သင်တန်းမှရရှိသည့်အတွေ့အကြုံများကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိစွာအသုံးချ



ရန်ကုန် မေ ၃ဝ 
 
အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု ဘွဲ့လွန် ဒီပလိုမာသင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို မေ ၂၉ ရက်နံနက် ၉ နာရီတွင် ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်)၊ ပြည်သူ့ဝန်ထမ်း အကယ်ဒမီ၊ ရတနာ သိင်္ဃခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင် စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌဒေါက်တာ ဝင်းသိမ်းက သင်တန်းဖွင့် မိန့်ခွန်းပြော ကြားရာ၌ နိုင်ငံတစ်နိုင်ငံတွင် အစိုးရ၊ ပုဂ္ဂလိက မည်သည့်ကဏ္ဍတွင်မဆို စီမံ ခန့်ခွဲအုပ်ချုပ်မှု၊ ဝန်ဆောင်မှု၊ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှု စသည်တို့ကို စဉ်ဆက်မပြတ် အောင်မြင် ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန် အတွက် လူ့စွမ်းအားအရင်းအမြစ်သည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင် လျက်ရှိကြောင်း။
ဤသင်တန်းသို့ တက်ရောက်ကြ သည့် သင်တန်းသား သင်တန်းသူများ ကို ပညာဌာန ခုနစ်ခုဖြစ်သည့် စီမံခန့်ခွဲမှု ပညာဌာန၊ စီးပွားရေးပညာဌာန၊ နိုင်ငံ ရေးသိပ္ပံပညာဌာန၊ လူမှုရေးသိပ္ပံ ပညာဌာန၊ ဥပဒေပညာဌာန၊ အင်္ဂလိပ် ဘာသာပညာဌာနနှင့် သတင်းအချက် အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဌာနများက ခေတ်စနစ်နှင့် လျော်ညီပြီး နိုင်ငံတကာ စံနှုန်းများနှင့်အညီ အဆင့် အတန်းရှိရှိ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း၊ သင်ရိုးညွှန်းတမ်းများ၊ သင်ရိုးဇယားများကိုလည်း ပထမအကြိမ် သင်တန်းမှရရှိလာသည့် အတွေ့အကြုံ၊ အားနည်းချက်၊ အားသာချက်များကို အခြေခံကာ တက္ကသိုလ်အကြံပေးအဖွဲ့ (Advisory Group)တက္ကသိုလ် ပညာရပ်အဖွဲ့(Board of Studies)နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တွင် ဖွဲ့စည်းထားသည်။ ပညာရပ်ဆိုင်ရာ ဗဟို အဖွဲ့ (Core Group)တို့၏ ဆွေးနွေး အကြံပြုချ က်များနှင့်အညီ ပိုမိုသင့်လျော် ကောင်းမွန်ပြီး ထိရောက်မှုရှိစေရန် ပြင်ဆင်မွမ်းမံ ရေးဆွဲထားသည့်အတွက် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ကြိုးကြိုးစားစား သင်ယူကြရန်လည်း တိုက်တွန်းလိုပါကြောင်း။
နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒ၊ ရည်မှန်းချက်များနှင့်အညီ ပြည်သူ နှင့်အတူလက်တွဲ၍ အကောင်အထည် ဖော်နိုင်ရန်အတွက် '' နိုင်ငံတော် တည် ထောင်မှု ပြည်သူနှင့်ဝန်ထမ်းလက်တွဲပြု'' ဆိုသည့် ဆောင်ပုဒ်အသစ်ကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက် နေပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီ အစဉ် (UNDP)၏ ပူးပေါင်းပါဝင် ကူညီမှုနှင့် နိုင်ငံ့ဝန်ထမ်းများ၏ သဘော ထားအမြင်နှင့် အတွေ့အကြုံများကို လေ့လာသည့် စစ်တမ်း(Perception Survey)အရ နိုင်ငံ့ဝန်ထမ်း ပြုပြင် ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ စီမံချက် (Civil Service Reform Strategic Action Plan)ကို ရေးဆွဲနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး ပြီး နယ်ပယ်လေးခုဖြစ်သည့် နိုင်ငံ့ ဝန်ထမ်းအုပ်ချုပ်ရေး၊ လုပ်ငန်းစဉ်သစ် (New Civil Service Govern -ance)၊ အရည်အချင်းနှင့် လုပ်ငန်း စွမ်းဆောင်ရည်ကို အခြေခံသော အလေ့ အထနှင့် စနစ်များဆီသို့ ဦးတည်ရေး(Merit-based and Performance-driven culture and system)၊ ပြည်သူဗဟိုပြု နိုင်ငံ့ဝန်ထမ်းများ ဖြစ် လာစေရန် ခေါင်းဆောင်မှုပေး နိုင်သည့် အရည်အသွေးများနှင့် စွမ်းဆောင်ရည် များကိုမြှင့်တင်ခြင်း(People Centred Leadership of the Civil Service and Capacity Develop-ment)၊ နိုင်ငံ့ဝန်ထမ်းများ၏ ပွင့်လင်း မြင်သာမှုနှင့် တာဝန်ခံမှုတို့ကို မြှင့်တင် ပေးခြင်း (Transparency and Accountability in the Civil Service ) စသည့် နယ်ပယ် (၄)ရပ် အပေါ်အခြေခံပြီး CSR Logframe First Draft မှသည်Third Draft အထိ ပြင်ဆင်ရေးဆွဲကြေညာခဲ့ပြီး ရရှိ လာသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူ များ၏ အကြံပြုချက်များနှင့် CSR Logframe Final Draft ကို ပြုစု ရေးဆွဲခဲ့ပြီး ၂ဝ၁၇ ခုနှစ် ဇူလိုင်လတွင် Civil Service Reform Strategic Action Plan ကို ထုတ်ပြန်ကြေညာ နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါ ကြောင်း။
Civil Service Reform ၏အစိတ်အပိုင်းတစ်ခုအနေဖြင့် ''နိုင်ငံ့ ဝန်ထမ်းများအပေါ် ပြည်သူများ၏ အမြင်သဘောထားကို လေ့လာဆန်းစစ် မှုပြုလုပ်မည့် လုပ်ငန်းစဉ်'' ( Public Perception Survey Activity)ကို UNDP ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်သွားရန် စီစဉ်ထားရှိပါ ကြောင်း၊ လေ့လာဆန်းစစ်မှုလုပ်ငန်း စဉ်ကို ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း(Public Service Delivery)များ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍Bribery - လာဘ်ပေးလာဘ်ယူပြု ခြင်းရှိ/မရှိ၊ Abuse of Power- အာဏာကို အလွဲသုံးစားပြုလုပ်ခြင်း ရှိ/ မရှိ ၊Responsiveness - တုံ့ပြန် ဆောင်ရွက်မှု ကောင်း/ မကောင်း၊Equal opportunity - တန်းတူအခွင့် အရေးရရှိမှု ရှိ/မရှိ၊Discrimination of the races လူမျိုးခွဲခြားမှု ရှိ/ မရှိ စသည်တို့အပေါ် လေ့လာဆန်းစစ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း။
နိုင်ငံ့ဝန်ထမ်းများအပေါ် ပြည်သူ များ၏ အမြင်သဘောထားကို လေ့လာ ဆန်းစစ်မှုမှတ်တမ်း - Public Perce-ption Survey ၊ နိုင်ငံ့ဝန်ထမ်း ပြုပြင် ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံ ချက်- Civil Service Reform Action Plan ၊ နိုင်ငံ့ဝန်ထမ်းများအတွက် လုပ်ငန်းကျွမ်းကျင်မှု အရည်အသွေး သတ်မှတ်ချက်မူဘောင် - Civil Ser-vice Compentency Frame-work ၊ ခေါင်းဆောင်မှုစွမ်းရည်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အစီအစဉ် -Leadership Development Scheme များကို သင်တန်းသားများ အနေဖြင့် ကြိုတင်လေ့လာ သိရှိထားခြင်း အားဖြင့် မိမိတာဝန်ထမ်းဆောင်သည့် အခါ ပိုမိုကောင်းမွန်အောင် ဖြည့်ဆည်း ဆောင် ရွက်ပေးနိုင်မည့် အတွေးအမြင် သစ်များ၊ မိမိ၏ ဝန်ထမ်းဘဝတိုးတက် အောင်ပြုလုပ်ရမည့် နည်းလမ်းများ၊ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ရန် လိုအပ်သည်များကို သိရှိလာမည်ဖြစ် ကြောင်း ၊ ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုသည့် အတိုင်း အနာဂတ်နိုင်ငံတော်၏ အုပ်ချုပ်ရေး ယန္တရားကို မောင်းနှင်ကြ မည့် နိုင်ငံ့ဝန်ထမ်း အရာရှိလောင်းများ၊ ပုဂ္ဂလိက ဝန်ထမ်းလူငယ်များအနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစား လေ့လာသင်ယူပြီး သင်တန်းမှရရှိသည့် အသိပညာ၊ အတတ်ပညာ အတွေ့အကြုံ များကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကျိုးရှိစွာ အသုံးချနိုင်ကြစေ ရန်နှင့် ဝန်ထမ်းသက်တမ်းတစ်လျှောက် တော်၍ကောင်းသော အဂတိတရားကင်း သော ဝန်ထမ်းများဖြစ်ကြပြီး ရာထူး အဆင့်ဆင့်တိုးမြှင့်ကာ နိုင်ငံ့တာဝန် ထမ်းဆောင်ရင်း နည်းလမ်းမှန်စွာဖြင့် ကိုယ်ကျိုးစီးပွားတိုးတက်အောင် ဆောင် ရွက်နိုင်ကြပါစေကြောင်း ပြောကြားခဲ့ သည်။
အဆိုပါသင်တန်းသို့ သင်တန်းသား ၅၃ ဦး ၊ သင်တန်းသူ ၁ဝ၁ ဦး စုစုပေါင်း ၁၅၄ ဦးတက်ရောက်မည်ဖြစ်ပြီး သင် တန်း ကာလမှာ စက်တင်ဘာ ၁၅ ရက်ထိ ရက်သတ္တ ၁၆ ပတ်ကြာ ဖွင့်လှစ်မည်ဖြစ် သည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဒေါက်တာဦးပွား၊ တက္ကသိုလ်အကြံပေး အဖွဲ့ဝင်များ၊ တက္ကသိုလ်ပညာရပ် အဖွဲ့ ဝင်များ၊ ပါမောက္ခချုပ် ဦးအောင်တင်စိုး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ တက္ကသိုလ်မှ အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက် ရောက်ခဲ့သည်။ (သတင်းစဉ်)

No comments:

Post a Comment