Tuesday, May 30, 2017

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်မှုနှင့် တပ်မတော်၏ ရပ်တည်လုပ်ဆောင်မှုအခြေအနေများဆွေးနွေး



 နေပြည်တော် မေ ၂၉

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အိန္ဒိယတပ်မတော်ကြည်းတပ်ဦးစီးချုပ် General Bipin Rawat အား ယနေ့နံနက် ၁ဝ နာရီ မိနစ် ၄ဝ တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
နိုင်ငံတည်ငြိမ်အေးချမ်းရေး
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်မှုနှင့် တပ်မတော်၏ နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ရပ်တည်လုပ်ဆောင်မှုအခြေအနေများ၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံမှုမြှင့်တင်ရေးအတွက် အပြန်အလှန်ချစ်ကြည်ရေး ခရီးစဉ်များ၊ လေ့ကျင့်ရေးသင်တန်းများ၊ တပ်မတော်အားကစားနှင့် ဆေးဘက်ဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင် ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment