Tuesday, May 30, 2017

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အိန္ဒိယတပ်မတော်ကြည်းတပ်ဦးစီးချုပ်အား ဂုဏ်ပြုတပ်ဖွဲ့ ဖြင့်ကြိုဆို



 နေပြည်တော် မေ ၂၉


ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၌ ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် အိန္ဒိယတပ်မတော်ကြည်းတပ်ဦးစီးချုပ် General Bipin Rawat အား ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။
ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ်တို့သည် ဂုဏ်ပြု တပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးကြသည်။
ဆက်လက်၍ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် အိန္ဒိယ တပ်မတော် ကြည်းတပ်ဦးစီးချုပ်နှင့် အဖွဲ့အား ဇေယျာသီရိဗိမာန်ဧည့်ခန်းမ ဆောင်၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် တပ်မ တော်နှစ်ရပ်အကြား ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စရပ်များ၊ လေ့ကျင့် ရေးသင်တန်းများ၊ နည်းပညာနှင့် သတင်းအချက်အလက် ဖလှယ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် တိုးမြှင့်လုပ်ဆောင်ရေးကိစ္စ ရပ်များ၊ အားကစားနှင့် ယဉ်ကျေးမှု အဖွဲ့များအပါအဝင် ချစ်ကြည်ရေးခရီး စဉ်များ အပြန်အလှန်စေလွှတ်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် သဘာဝဘေး အန္တရာယ် ကူညီကယ်ဆယ်ရေးနှင့် လူသားချင်းစာနာ ထောက်ထားရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များအား ဆွေးနွေးကြသည်။
ညပိုင်းတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် အိန္ဒိယ တပ်မတော် ကြည်းတပ်ဦးစီးချုပ် ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စား လှယ်အဖွဲ့အား နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။
(သတင်းစဉ်)

No comments:

Post a Comment