Monday, May 29, 2017

အမျိုးသမီးနှစ်ဦးအား အနှောင့်အယှက်ပေးသူအား ဟန့်တားရာမှ ဓားဖြင့်ထိုးသတ်ခံရ





 အော်ရီဂွန် မေ ၂၈

 

 အော်ရီဂွန်သို့သွားသည့် ရထားတစ်စင်း ပေါ်တွင်လိုက်ပါလာသည့် ခရီးသည်နှစ်ဦး ကို အမျိုးသားတစ်ဦးကဓားဖြင့် အသေ ထိုးသတ်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဓားဖြင့်တိုက်ခိုက်သူသည် အမျိုး သမီးနှစ်ဦးအား နှောင့်ယှက်နေသဖြင့် အမျိုးသားနှစ်ဦးက ဟန့်တားရန် ကြိုးပမ်း စဉ် ဓားဖြင့် ထိုးသတ်ခံလိုက်ရခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က စနေနေ့တွင် ပြော ကြားခဲ့သည်။
ဓားဖြင့်ထိုးသတ်သူမှာ အသက် ၃၅ နှစ်ရှိ ဂျယ်ရမီဂျိုးဇက်ဖ်ခရစ်ရှန်ဖြစ်ပြီး ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားပြီး ညနေခင်း တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဂျိုးဇက်ဖ်၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားသည်များက ၄င်းသည် လူမျိုးရေးဝါဒီဖြစ်ပြီး အစွန်းရောက် ဘာသာရေး ယုံကြည်မှုရှိသူဖြစ်ကြောင်း ဖော်ပြလျက်ရှိသည်။
အစ္စလာမ် ဘာသာဝင်များ၏ ရာမာဒင်ဥပုသ်ကာလ မကျရောက်မီ နာရီပိုင်းအလိုတွင် ယင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရထားပေါ်တွင် ဖြစ်ပွားခဲ့သည့် ယင်းတိုက်ခိုက်မှုကို အိမ်တွင်းအကြမ်းဖက်မှု တစ်ခုအနေဖြင့် ပြောဆိုရန်မှာ စောလွန်းသေးကြောင်း အော်ရီဂွန်ရှိ ဖက်ဒရယ်စုံစမ်းစစ်ဆေးရေး ဗျူရီယိုမှကြီးကြပ်သူ အထူးအေးဂျင့် တစ်ဦးဖြစ်သည့် လိုရန်ကန်နွန်က စနေနေ့ ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့ကြောင်း သိရသည်။
ရထားပေါ်တွင် နှောင့်ယှက်ခံခဲ့ရ သည့် အမျိုးသမီးနှစ်ဦးနှင့် ပတ်သက်သည့် ကိုယ်ရေးအချက်အလက်များကို ဖော်ပြ နိုင်ခြင်းမရှိသေးကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ (ရိုက်တာ)

No comments:

Post a Comment