Monday, May 29, 2017

စီရိုနယ်လ်ဒိုရဲ့ကစားသမားဘဝကို တောက်ပြောင်အောင် ဖန်တီးပေးခဲ့သည့်အသင်းမှာ ရီးယဲလ်မက်ဒရစ်မဟုတ်ဘဲ မန်ယူသာဖြစ်တယ်လို့ မိုက်ကယ်အိုဝင်ယူဆ

Image may contain: 1 person
မေလဲ့သင်း
မိုက်ကယ်အိုဝင်က စီရိုနယ်လ်ဒိုရဲ့ကစားသမားဘဝကို အဓိကပံ့ပိုးပေး တဲ့အသင်းမှာ လက်ရှိကစားနေတဲ့ ရီးယဲလ်မက်ဒရစ်မဟုတ်ဘဲ မန်ယူသာ ဖြစ်တယ်လို့ဆိုလိုက်ပါတယ်။ အိုဝင်ဟာ စီရိုနယ်လ်ဒိုရီးယဲလ်ကို ၂ဝဝ၉ ခုနှစ်မှာ ပြောင်းရွှေ့သွားစဉ်က မန်ယူရဲ့ နာမည်ကျော် ကျောနံပါတ်(၇)နေရာကို စီရိုနယ်လ်ဒိုဆီက ဆက်ခံခွင့်ရရှိသူဖြစ်ပါတယ်။
အိုဝင်ကတော့ စီရိုနယ်လ်ဒိုဟာ မန်ယူနည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ရဲ့သွန်သင်မှုနဲ့နေရာပေးမှုတွေကြောင့် တောက်ပတဲ့ ကစားသမားဘဝ ကိုရရှိခဲ့ပြီး အဲဒီက ရရှိတဲ့ ရေခံမြေခံကောင်းတွေနဲ့ ရီးယဲလ်မက်ဒရစ်အသင်းမှာ ဆက်လက်တိုးတက်မှုတွေကို ရှာဖွေနိုင်ခဲ့တာလို့ သူ့အမြင်ကို ပြောပါတယ်။
စီရိုနယ်လ်ဒိုဟာ လာမယ့် ဇွန် ၃ ရက်မှာ သူ့ရဲ့ကစားသမားဘဝ ငါးကြိမ် မြောက် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အိုဝင်ကတော့ စီရိုနယ်လ်ဒိုဟာ မက်ဆီထက်ပိုကောင်းတဲ့အပြင် ကမ္ဘာပေါ်မှာ စီရိုနယ်လ်ဒိုလို ပြီးပြည့်စုံတဲ့ကစားသမား မရှိသေးဘူးလို့ဆိုပါတယ်။ အိုဝင်က စီရိုနယ်လ်ဒိုဟာ ဘယ်ခြေညာခြေနှစ်ဖက်စလုံးက အကောင်းဆုံးအဆုံးသတ်ဂိုးတွေကို သွင်းယူ နိုင်သလို ပြိုင်ဘက်ကိုကျော်ဖြတ်ပြီး နေရာယူတတ်မှု၊ လေပေါ်မှာ အကောင်းဆုံး လှုပ်ရှားနိုင်မှု၊ အလွတ်တည်ကန်ဘောနဲ့ ခေါင်းတိုက်ဂိုး တွေကို အနေအထားအမျိုးမျိုးကနေ သွင်းယူနိုင်တဲ့သူရယ်လို့ ချီးကျူးခဲ့ ပါတယ်။
ဒါပေမယ့် စီရိုနယ်လ်ဒိုရဲ့ ခုလိုအနေအထားရောက်ရှိလာမှုမှာ ရီးယဲလ်ကိုချည်းသက်သက် အမှတ်ပြည့်ပေးလို့မရနိုင်ဘဲ စီရိုနယ်လ်ဒိုရဲ့ ဖြစ်တည်မှုဟာ မန်ယူမှာ အစပြုခဲ့တာလို့ ထောက်ပြပါတယ်။ စီရိုနယ်လ်ဒိုဟာ မန်ယူအသင်းမှာကတည်းက ကမ္ဘာ့အကောင်းဆုံးကစားသမားဆု တစ်ကြိမ် ရယူနိုင်ခဲ့ပြီးနောက် ရီးယဲလ်တွင် သုံးကြိမ်ထပ်မံရယူနိုင်ခဲ့ပါတယ်။

No comments:

Post a Comment