Monday, May 29, 2017

ဆန်းချက်ဇ်ရဲ့သွင်းဂိုးကို တွစ်တာစာမျက်နှာပေါ်မှတစ်ဆင့် ချယ်လ်ဆီးအသင်း ဝေဖန်မှုပြုခဲ့

Image may contain: 2 people
မေလဲ့သင်း
တိုက်စစ်မှူး ဆန်းချက်ဇ်ရဲ့ ပွဲချိန် ၄ မိနစ်မှာပင် ချယ်လ်ဆီးအသင်းဘက်ကို သွင်းယူခဲ့သော သွင်းဂိုးနဲ့ပတ်သက်၍ ပွဲချိန်အတွင်း ဝေဖန်မှုအချို့ဖြစ်စေခဲ့သလို ပွဲအပြီးတွင်လည်း ချယ်လ်ဆီးအသင်းက သူတို့အသင်းတရားဝင် တွစ်တာ စာမျက်နှာပေါ်မှတစ်ဆင့် ရမ်ဆေး ရှင်းရှင်းလင်းလင်းကြီးကို လူကျွံခဲ့ခြင်းဖြစ် ကြောင်း ရေးသားခဲ့သည်။ သို့သော် ဆန်းချက်ဇ်ရဲ့ သွင်းဂိုးရရှိမှုကိုပြန်ကြည့်ပါက ဆန်းချက်ဇ်မှာ လူကျွံနေခြင်းမရှိဘဲ ရမ်ဆေးကသာ လူကျွံနေသည်ကို တွေ့ရ မည်ဖြစ်သည်။
ဂိုးစည်းအတွင်း ဆန်းချက်ဇ်ပေးပို့လိုက်သည့် ဘောလုံးကို ချယ်လ်ဆီး နောက်ခံလူ ဒေးဗစ်လုဇ်ကရှင်းထုတ်ရာ ပြန်လျှံထွက်လာသည်ကိုပင် ဆန်းချက်ဇ် က ချယ်လ်ဆီးကွင်းလယ်လူ ကန်တီကိုကျော်ရန် အမြောက်ကန်ပြီး သူကိုယ်တိုင်ပင် အဆုံးသတ်သွင်းယူသွားခဲ့ခြင်းဖြစ်သည်။ တကယ်တမ်းပြော မည်ဆိုပါက ဆန်းချက်ဇ်မှာ ကန်တီကိုကျော်ဖြတ်ပြီး ဘောလုံးကို ရယူရာတွင် သာ သူရဲ့လက်အနေအထားမှာ သာမန်ထက် အနည်းငယ်မြောက်နေသည်ကိုသာ ဝေဖန်စရာရှိပြီး ရမ်ဆေးမှာ ဘောလုံးနှင့် ထိတွေ့မှုပင်မရှိခဲ့သဖြင့် ယင်းဂိုးမှာ လူကျွံသွင်းဂိုးဟု သတ်မှတ်နိုင်မည်မဟုတ်ပေ။ သို့သော် ချယ်လ်ဆီးကစားသမား များက လူကျွံနေပြီဟုထင်မှတ်ကာ လိုက်လံတားဆီးမှု မရှိခဲ့ခြင်းကြောင့် ဆန်းချက်ဇ်က ဂိုးသမားကော်တွိုက်စ်ကို ကျော်ပြီး သွင်းယူသွားခဲ့ခြင်းဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် ပွဲအစတွင် ကစားကွက်တည်မရခဲ့ဘဲ အဆင်ပြေ သလို ဖျက်ထုတ်နေတဲ့ပုံစံကြောင့် ယင်းဂိုးကို အလွယ်တကူခွင့်ပြုခဲ့ရခြင်းဖြစ် သည်။ ဘီဘီစီဘောလုံးရေးရာသုံးသပ်သူ မာဖီကဆိုလျှင် ''ချယ်လ်ဆီးကစား သမားတွေက ဒါကို လူကျွံနေတယ်လို့ အငြင်းပွားနေတယ်။ တကယ်ဆို ဒါက သတ်မှတ်မယ်ဆို လက်ထိဘောလို့သာ သတ်မှတ်နိုင်မှာဖြစ်ပြီး ဘယ်လိုမှ လူကျွံဘောမဟုတ်ဘူး'' ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဂျီးနပ်စ်ကလည်း'' ဒိုင်လူကြီးတေလာအနေနဲ့ လက်ထောက်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲခဲ့တာမှန်ပါတယ်။ ရမ်ဆေး လူကျွံနေပေမယ့် သူက ဘောလုံးကို ထိတောင်မထိလိုက်ရဘူး။ သူကတစ်ဆင့် ပေးလိုက်မယ်၊ ထိလိုက် မယ်ဆိုရင် ဒါက လူကျွံဘောဖြစ်မှာပေါ့''ဟု ပြောကြားခဲ့သည်။ ဆန်းချက်ဇ်မှာ ကန်တီကိုကျော်၍ ဘောလုံးရယူစဉ်အတွင်း လက်မောင်းဖြင့် အနည်းငယ် ထိန်းသွားခဲ့သဖြင့် လက်ထိဘောအဖြစ်သာ သတ်မှတ်ပြီး ယင်းဂိုးကို ပယ်ဖျက် ရမည်ဖြစ်သည်။

No comments:

Post a Comment