Tuesday, May 2, 2017

မယ်စဲ့မြို့၌ လေပြင်းတိုက်ခတ်၍ ဓာတ်အားလိုင်းပြတ်တောက်မှုများ မကြာခဏဖြစ်ပေါ်

Image may contain: one or more people, people standing, tree, plant, outdoor and nature
မယ်စဲ့ မေ ၁
ကယားပြည်နယ် မယ်စဲ့မြို့၌ ဧပြီ ၃ဝ ရက် ညနေ ၆ နာရီခွဲခန့်က ရုတ်တရက် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပန်တိန်းကျေးရွာ ကရင်မရေထွက်အနီး မိုင်တိုင်အမှတ်(၈၅၆)ရှိ ဖားဆောင်း-မယ်စဲ့ 33KV ဓာတ်အားလိုင်းပေါ်သို့ သစ်ပင်ပြိုလဲ၍ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးဖြိုးကိုကိုနှင့် လျှပ်စစ်ဓာတ်အားလိုင်းဝန်ထမ်း များက မေ ၁ ရက်နံနက်ပိုင်းက ဓာတ်အားလိုင်းပေါ်ရှိ သစ်ပင်ကို ခုတ်ထွင် ရှင်းလင်းခြင်း၊ ယိုင်လဲသွားသော တိုင်သုံးတိုင်ကို ပြန်လည်တည့်မတ်ခြင်းနှင့် အိုဗာဟက်ကြိုးလျော့ကျ၍ အခန်း ၁၂ ခန်းတင်းခြင်းလုပ်ငန်းများကို ပြန်လည် ဆောင်ရွက်ပေးခဲ့ရာ ညနေ ၅ နာရီတွင် မြို့နယ်အတွင်းမှ ဒေသခံပြည်သူများ လျှပ်စစ်ဓာတ်အားပြန်လည်အသုံးပြုနိုင်ခဲ့သည်။
မိုးဦးကျကာလတွင် မယ်စဲ့မြို့၌ မကြာခဏလေပြင်းတိုက်ခတ်၍ မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ မကြာခဏပြတ်တောက် မှုအပေါ် မြို့နယ်လျှပ်စစ်မန်နေဂျာနှင့် ကျွမ်းကျင်လျှပ်စစ်လိုင်းဝန်ထမ်းများ ဖြင့် အချိန်နှင့်တစ်ပြေးညီ ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)

No comments:

Post a Comment