Tuesday, May 2, 2017

သောက်သုံးရေ အခက်အခဲရှိကျေးရွာများသို့မြန်မာနိုင်ငံရဲတပ်ဖွဲ့က သောက်ရေသန့်များ ပေးလှူ

Image may contain: 7 people, child, shoes and outdoor
မြောင်းမြ မေ ၁
ပူပြင်းခြောက်သွေ့သော နွေရာသီတွင် ကျေးရွာဒေသများ၌ သောက်သုံးရေအခက်အခဲဖြစ်ပေါ်လျက်ရှိရာ ဧပြီ ၂၉ ရက် နံနက်ပိုင်းက မြောင်းမြခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးညွန့်ဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဥာဏ်လွင်နှင့် ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များသည် သောက်သုံးရေအခက်အခဲနှင့်ကြုံတွေ့နေရသော မြောင်းမြမြို့နယ် ရေငန်းကျေးရွာအုပ်စု တောင်ပူဇာကျေးရွာသို့ မော်တော်ယာဉ်များဖြင့် သွားရောက်လှူဒါန်းခဲ့သည်။
''မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လမ်းညွှန်ချက်နှင့်အညီ ရေရှားပါးပြီး အခက်အခဲရှိတဲ့ ကျေးရွာပြည်သူတွေအတွက် သောက်ရေ လာရောက်ပေးလှူခြင်းဖြစ်ပါတယ်''ဟု မြောင်းမြခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးညွန့်ဇော်က ပြောကြားသည်။
''ရေလာရောက်ပေးလှူတဲ့အတွက် ကျေးရွာကလူတွေ သောက်ရေအဆင်ပြေသွားလို့ ဝမ်းသာကျေးဇူးတင်ပါတယ်''ဟု တောင်ပူဇာကျေးရွာနေ မန်းသန်းအေးက ပြောသည်။
ထိုသို့ပေးလှူရာတွင် သောက်ရေသန့် လီတာ ၂ဝ ဘူးကြီး ၂ဝဝ ကို ကျေးရွာရှိ အိမ်ထောင်စု ၅၇ စု(လူဦးရေ ၂၈၃ ဦးတို့)အား ပေးဝေနိုင်ခဲ့ပြီး ယခုနှစ်အတွက် နှစ်စဦး အလှူဖြစ်ကာ သောက်ရေအတွက် အခက်အခဲရှိသော ကျေးရွာများမှ ဆက်သွယ်အကြောင်းကြားမှုအပေါ် ဆက်လက်ပေးလှူသွားမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဥာဏ်လွင်က ပြောသည်။
အောင်မင်း(မြောင်းမြ)

No comments:

Post a Comment