Tuesday, May 30, 2017

မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက်(စာချ/စာသင်) စိန်ရတုသဘင်အခမ်းအနား အလှူငွေများ လှူဒါန်းနိုင်ကြောင်း နှိုးဆော်


နေပြည်တော် ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက်၊ စာချ/ စာသင် (၇၅)နှစ်ပြည့် စိန်ရတုသဘင်၊ သံဃာ ၁ဝဝဝ ကျော် ပူဇော်ပွဲကြီးကို ၁၃၇၉ ခု၊ ဝါဆိုလဆန်း ၈ ရက်မှ ၉ ရက်အထိ (ဇူလိုင် ၁ ရက်မှ ၂ ရက်အထိ)စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်၍ ရပ်နီးရပ်ဝေးတပည့်သံဃာများနှင့် ဒါယကာ၊ ဒါယိကာမ အပေါင်းတို့အား ကြွရောက်ပါဝင် ပူဇော်ကြရန် နှိုးဆော်ထား သည်။
ပင့်သံဃာတစ်ပါးလျှင် တန်ဖိုးတစ်သိန်းရှိ နဝကမ္မနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းမည်ဖြစ်ပြီး ဆက်သွယ်လှူဒါန်းလိုပါက-
(က) ဆရာတော် ဘဒ္ဒန္တကဝိသာရ ဖုန်း - ဝ၆၇-၂၂၂၂၄၊ ၂၂၈၉ဝ၊
ဝ၉-၄၂ဝ၇၇၈၂၈၉
(ခ) ဦးလှမြင့်(စိန်ဒေါင်း) ဖုန်း - ဝ၉-၂၅ဝဝ၉၄၇၅၇
(ဂ) ဦးမြင့်စိုး ဖုန်း - ဝ၉-၅ဝ၃၂၁၂၉
(ဃ) ဦးနေလင်းထိုက်(လင်းကွန်ပျူတာ) ဖုန်း - ဝ၉-၅၅၈၈၄၄၄
တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။ (သတင်းစဉ်)

No comments:

Post a Comment