Tuesday, May 30, 2017

သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ စုဒ္ဒသမအစည်းအဝေး ကျင်းပမည်



ရန်ကုန် မေ ၂၉


သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ စုဒ္ဒသမ အစည်းအဝေးကို ၁၃၇၉ ခုနှစ် ဝါဆိုလဆန်း (၅၊ ၆၊ ၇၊ ၈)ရက် (၂ဝ၁၇ခုနှစ် ဇွန် ၂၈၊ ၂၉၊ ၃ဝ နှင့် ၂ဝ၁၇ ခုနှစ် ဇူလိုင် ၁ ရက်) ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေနေ့များတွင် အကြိုညှိနှိုင်းအစည်းအဝေးနှင့် ၁၃၇၉ ခုနှစ် ဝါဆိုလဆန်း (၉၊ ၁ဝ)ရက် (၂ဝ၁၇ခုနှစ် ဇူလိုင်လ ၂၊ ၃)ရက် ၊ တနင်္ဂနွေ၊ တနင်္လာနေ့များတွင် အစည်းအဝေးကျင်းပမည်ဖြစ်ရာ နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီး များသည် ၁၃၇၉ ခုနှစ် ဝါဆိုလဆန်း ၄ ရက်၊ ၂ဝ၁၇ ခုနှစ် ဇွန်လ ၂၇ ရက် အင်္ဂါနေ့ အရောက် ကြွရောက်တော်မူပါရန် ပင့်စာများဖြင့် ပင့်လျှောက်ထားပြီးဖြစ်ပါကြောင်း၊ ပင့်စာများအချိန်မီမရောက်ရှိပါကလည်း အဆိုပါနေ့ရက်များတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေသို့အရောက် ကြွရောက်တော်မူကြပါရန် ပင့်လျှောက်ပါကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment