Tuesday, May 30, 2017

ဒစ်ဂျစ်တယ်မီဒီယာ အကောင်အထည်ဖော်ရေး အစီအမံများနှင့်ပတ်သက်၍ ဆွေးနွေး




 နေပြည်တော် မေ ၂၉


 ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်အား နယ်သာလန်နိုင်ငံ Free Press Unli-mited မှ မူဝါဒရေးရာညွှန်ကြားရေးမှူးMr. Leon Willemsနှင့်အဖွဲ့သည် ယနေ့ မွန်းလွဲ ၃ နာရီတွင် ပြန်ကြားရေး ဝန်ကြီးဌာန ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြန်ကြားရေးဝန်ကြီးဌာန ၏ မီဒီယာကဏ္ဍ ပြုပြင်ပြောင်းလဲ ဆောင်ရွက်နေမှုများ၊ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်နှင့်ပတ်သက်၍ နိုင်ငံ တကာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေမှုများ၊Community Radio အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးစီမံကိန်းများ၊ ဒစ်ဂျစ် တယ်မီဒီယာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အစီအမံများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။ (သတင်းစဉ်)

No comments:

Post a Comment