Tuesday, May 2, 2017

အာဆင်နယ်ကိုအနိုင်ရရှိခဲ့ပြီး စပါးအသင်း ချယ်လ်ဆီးကိုဖိအားပေးနိုင်ခဲ့

Image may contain: 3 people, people playing sports and outdoor
စပါးအသင်းသည် အာဆင်နယ်အသင်းအား နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယားတွင် ဦးဆောင်နေသည့် ချယ်လ်ဆီး အသင်းအား ဆက်လက်ဖိအား ပေးနိုင်ခဲ့ပြီဖြစ်သည်။
ပရီမီယာလိဂ်အမှတ်ပေးဇယားတွင် ထိပ်ဆုံးမှဦးဆောင်နိုင်ခဲ့သည့် ချယ်လ်ဆီးအသင်းသည် ပရီမီယာလိဂ်ပွဲစဉ်(၃၄)အဖြစ် အဲဗာတန်အသင်း နှင့်ကစားခဲ့ရပြီး အဲဗာတန်အသင်းကို သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ချယ်လ်ဆီးအသင်းသည် ပရီမီယာလိဂ်ဖလားအတွက် ဒုတိယနေရာမှ စပါးအသင်းကိုဖိအားပေးနိုင်ခဲ့ပြီး စပါးအသင်းက အာဆင်နယ် အသင်းကိုအနိုင်ရရှိခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းကို ပြန်လည်ဖိအားပေးလိုက်ခြင်းဖြစ်သည်။
ချယ်လ်ဆီးအသင်းနှင့် စပါးအသင်းတို့သည် လက်ရှိအမှတ်ပေးဇယားတွင် ချယ်လ်ဆီးအသင်းက ရမှတ် ၈၁ မှတ်၊ စပါးအသင်းက ၇၇ မှတ်ဖြင့် ၃၄ ပွဲစီကစားအပြီးတွင် လေးမှတ်ကွာအနေအထားဖြစ်နေသည်။
စပါးအသင်းသည် လက်ကျန်ပွဲစဉ်များအဖြစ် ဝက်စ်ဟမ်း၊ မန်ယူ၊ လက်စတာ၊ ဟားစီးတီးအသင်းတို့နှင့် ကစားရမည်ဖြစ်ပြီး ချယ်လ်ဆီး အသင်းမှာမူ မစ်ဒယ်ဘရော့၊ ဝက်စ်ဘရွန်း၊ ဝက်ဖို့ဒ်၊ ဆန်းဒါးလန်းအသင်းတို့နှင့် ကစားရမည်ဖြစ်သည်။ ချယ်လ်ဆီးအသင်းသည် ပရီမီယာလိဂ်ပွဲစဉ်များပြီးဆုံးပါက အက်ဖ်အေဖလားနောက်ဆုံးဗိုလ်လုပွဲအဖြစ် အာဆင်နယ်အသင်းနှင့်ယှဉ်ပြိုင်ကစားရဦးမည်ဖြစ်သည်။
စပါးအသင်းနှင့် အာဆင်နယ်အသင်းတို့၏ ပွဲစဉ်တွင် စပါးအသင်းသည် ဒီလီအလီနှင့် ဟယ်ရီကိန်းတို့၏ သွင်းဂိုးများဖြင့် အနိုင်ရရှိ ခဲ့ခြင်းဖြစ်ပြီး စပါးအသင်းအတွက် တစ်ဂိုးသွင်းယူနိုင်ခဲ့ခြင်းကြောင့် ဒီလီအလီသည် ယခုနှစ်ဘောလုံးရာသီတွင် စပါးအသင်းနှင့်အတူ သွင်းဂိုး ၂၁ ဂိုးအထိသွင်းယူ နိုင်ခဲ့သည့် ကစားသမားလည်းဖြစ်လာခဲ့သည်။
ဟယ်ရီကိန်းသည် စပါးအသင်းနှင့်အတူ ယခုနှစ်ဘောလုံးရာသီတွင် ပြိုင်ပွဲအရပ်ရပ်တွင် သွင်းဂိုး ၂၇ ဂိုးအထိရှိလာခဲ့ပြီး ပရီမီယာလိဂ်တွင်မူ အီဘရာဟီမိုဗစ်မှာ မန်ယူအသင်းနှင့်အတူ သွင်းဂိုး ၂၈ ဂိုး၊ အဂူရိုမှာ မန်စီးတီးအသင်းနှင့်အတူ သွင်းဂိုး ၃၁ ဂိုးအသီးသီးသွင်းယူထားကြသည်။
စပါးအသင်းသည် ယခုအာဆင်နယ်အသင်းကို အနိုင်ရရှိခဲ့ခြင်းကြောင့် ၁၉၆ဝ ခုနှစ် အောက်တိုဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လိဂ်ပွဲ ကိုးပွဲဆက်တိုက်နိုင် ပွဲရရှိခဲ့သည့် မှတ်တမ်းတစ်ရပ်လည်းတင်နိုင်ခဲ့ပြီဖြစ်သည်။
(ငွေကြယ်)

No comments:

Post a Comment