Monday, May 29, 2017

ရေကြည်မြို့နယ်၌ မူလတန်းအဆင့်ပထမတန်းသင်ရိုးသစ် ကျောင်းအုပ်စုအဆင့်ဆွေးနွေးပွဲ သင်တန်းဆင်း

Image may contain: one or more people and indoor
ရေကြည် မေ ၂၈
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့ နယ် မူလတန်းအဆင့် ပထမတန်းသင်ရိုး သစ်ကျောင်းအုပ်စုအဆင့် ဆွေးနွေးပွဲ သင်တန်းဆင်းပွဲကို မေ ၂၆ ရက်က မြို့နယ်ပညာရေးမှူးရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမျိုးညွန့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများတက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးမျိုးညွန့်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဦး၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်ခင်အေး တို့က အမှာစကားအသီးသီးပြောကြား သည်။ ဆက်လက်၍ သင်တန်းနည်းပြ တစ်ဦးက သင်တန်းနှင့်ပတ်သက်သည် များကို ခြုံငုံသုံးသပ်ပြီး သင်တန်း သားတစ်ဦးက သင်တန်းနှင့်ပတ်သက် ၍ အားသာချက်များကို တင်ပြသည်။
ထို့နောက် သင်တန်းသားများက တေးဆိုငှက်ကဗျာ၊ အခြေခံအကတို့ ဖြင့် သရုပ်ဖော်ဖျော်ဖြေခဲ့ကြသည်။
အဆိုပါမူလတန်းအဆင့် ပထမတန်း သင်ရိုးသစ် ကျောင်းအုပ်စုအဆင့် ဆွေးနွေးပွဲသင်တန်းကို မေ ၁၃ ရက်မှ ၂၆ ရက်အထိ ၁၄ ရက်ကြာ သင်တန်း ပို့ချခဲ့ပြီး သင်တန်းသား သင်တန်းသူ စုစုပေါင်း ၅၂၁ ဦးနှင့် သင်တန်း နည်းပြ ၅၂ ဦး တက်ရောက်ကြ ကြောင်းသိရသည်။
မြင့်သိန်း(ပြန်/ဆက်)

No comments:

Post a Comment