Monday, May 1, 2017

သမ္မတထရန့်၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သဘောထားရပ်တည်ချက်ကို လက်ခံနိုင်ခြင်းမရှိကြောင်း ကန့်ကွက်ဆန္ဒပြ



Image may contain: 3 people, people standing and outdoor
ဝါရှင်တန် ဧပြီ ၃ဝ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ သဘောထားရပ်တည်ချက်အပေါ် နှစ်သက်မှုမရှိကြသူများသည် အိမ်ဖြူတော်ရှေ့၌ ဧပြီ ၂၉ ရက်က စုဝေးကာ ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း၊ သမ္မတထရန့်သည် ယခင်သမ္မတ ဘာရက်အိုဘားမား၏ ရာသီဥတုပြောင်းလဲခြင်း ထိန်းညှိရေးဆိုင်ရာမူဝါဒများအား ပယ်ဖျက်ခြင်းမပြုရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြကြောင်း ဒေသဆိုင်ရာသတင်းဌာနများက ဧပြီ ၃ဝ ရက်တွင် သတင်းထုတ်ပြန်သည်။
ဧပြီ ၂၂ ရက်က စတင်ခဲ့သော မြေကမ္ဘာရက်သတ္တပတ်လှုပ်ရှားမှုများ၏ အထွတ်အထိပ် လှုပ်ရှားမှုတစ်ရပ်အဖြစ် သမ္မတထရန့်၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သဘောထားရပ်တည်ချက်ကို တစ်ခဲနက် ကန့်ကွက်ဆန္ဒပြကြခြင်းဖြစ်သည်။ သိန်းနှင့်ချီအရေအတွက်ရှိ ဆန္ဒပြသူများက အမေရိကန်ကွန်ဂရက်လွှတ်တော်အဆောက်အအုံအနီးမှ စတင်ချီတက်ခဲ့ကြပြီး အိမ်ဖြူတော်အနီးအပါးမှဖြတ်သန်းကာ ဝါရှင်တန်အထိမ်းအမှတ် ရုပ်တုရှိရာသို့ ဦးတည်သွားရောက်ခဲ့ကြသည်။
''ပင်လယ်များ၏ ရေမျက်နှာပြင်များ မြင့်တက်လာနေပြီ''၊ ''ရုပ်ကြွင်းလောင်စာမသုံးပါနှင့်'' စသည့် ကြွေးကြော်သံများကို ဆန္ဒပြသူများက ဟစ်ကြွေးခဲ့ကြသည်။
ရိုက်တာ။

No comments:

Post a Comment